Chapter 32

632 95 4
                                    

(zawgyi)

"ဦးလေး ... အန်တီလေး ... ကျွန်တော် Donghyuck ပါ"

ဘေးချင်းကပ်ရပ် ရှိနေတဲ့ အုတ်ဂူနှစ်ခုရှေ့မှာ ဝယ်လာခဲ့တဲ့ အဖြူရောင် ဒေစီပန်းစည်းလေးကို ချကာ Donghyuck ဦးညွှတ်ကာပင် ဂါရဝပြုလိုက်၏။

တကယ်မှာတော့ Mark ရဲ့ မိဘနှစ်ပါးလုံး ဆုံးပါးသွားကတည်းက သူ နှစ်တိုင်း လာပြီး ဂါရဝပြုဖြစ်တာ အခုဆို ကိုးနှစ်လောက်တောင် ရှိရောပေါ့။

သားဖြစ်သူ Lee Mark က Canada ကို ထွက်သွားခဲ့တုန်းဆို တစ်လ တစ်ခါလောက် သူ ဒီနေရာလေးကို လာပြီးပင် မြက်နုတ်ပေါင်းသင်၊ ရှင်းလင်းပေးဖြစ်သေး၏။ ဒီနှစ်အတွင်းမှာတော့ ကိစ္စအမျိုးမျိုးကြောင့် မင်္ဂလာဆောင်ပြီးကတည်းက သူ တစ်ခါမှ မလာဖြစ်ခဲ့ပေမယ့် နှစ်ပတ်လည်နေ့ကိုတော့ Donghyuck ဘယ်တော့မှ မမေ့ပါဘူး။

"ကိုကိုကလေ ... အဲ ... ဦးလေးတို့ရဲ့ သား Minhyung ကလေ ဦးလေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ခဲ့ပြီ။ ဒီနေ့ သတင်းမှာ ကြေငြာလို့ လူတိုင်းလည်း အမှန်တရားကို သိသွားပြီ ဦးလေး။ ဖေဖေ့ရဲ့ အပြစ်တွေကလည်း တစ်ခုပြီးတစ်ခု အကုန် ပေါ်ကုန်ပြီဆိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရတော့မှာ။ ဒါပေမယ့် ဖေဖေကလေ ... အခုထိ သူ့လုပ်ရပ်တွေကို နောင်တ မရဘူး။ ဦးလေးအပေါ် လုပ်ခဲ့တဲ့ ကိစ္စအတွက်ရော ... သူ့လုပ်ရပ်က မှားတယ်လို့ ဖေဖေက ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး။ အဲ့တာကြောင့် ဒီတစ်ခါမှာလည်း ကျွန်တော် ထပ်တောင်းပန်ပါရစေ ..."

လာတိုင်းလည်း ဒီစကားကိုပဲ သူ ဆယ်နှစ်တာလောက် ထပ်ခါတလဲလဲ ပြောဖြစ်ပေမယ့် မလုံလောက်သလို၊ အပြစ်ရှိတဲ့ ခံစားချက်ကြီးက သူ့စိတ်ထဲမှာ လေးလံနေမြဲ။

"ကျွန်တော်သာ အဲ့တုန်းက ... စာရင်းစာရွက်တွေကို ဖေဖေ ယူသွားတာ တွေ့မိသေးလားဆိုပြီး ဦးလေး မေးခဲ့တုန်းက မသိချင်ယောင်မဆောင်ဘဲ အမှန်တိုင်း ပြောပြပေးခဲ့ရင် အဖြစ်ဆိုးတွေကို Minhyung လည်း မကြုံတွေ့ခဲ့ရလောက်ဘူးနော်။ ဦးလေးနဲ့ အန်တီလေးက ကျွန်တော့် မိဘတွေအပြင် ကျွန်တော့်ရဲ့ ဖြစ်တည်မှုကို သိပြီး အမြဲ ဂရုစိုက်ပေးခဲ့တဲ့သူတွေကို ... ဖေဖေ့ကို ကြောက်တာနဲ့ပဲ ကျေးဇူးကန်းပြီး မျက်နှာလွှဲခဲ့မိတာ ... ကျွန်တော် တောင်းပန်ပါတယ်"

something like love - dark ver (happiness) {markhyuck}Where stories live. Discover now