Chapter 19

671 89 10
                                    

(zawgyi)

"Donghyuck ပြီးပြီလား? သွားရအောင် ... မဟုတ်ရင် နောက်ကျနေလိမ့်မယ်"

ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေ တပ်နေတုန်းမှာပင် အခန်းတံခါး လာခေါက်ကာ ပြောသွားတဲ့ Mark ကြောင့် နက်ပြာရောင် ကုတ်အင်္ကျီလေးကို ကမန်းကတန်း ကောက်ဆွဲလိုက်ပြီး ခပ်မြန်မြန်သာ Donghyuck ထွက်လာခဲ့လိုက်၏။

သို့ပေမယ့် ဧည့်ခန်းထဲမှာ စိတ်မရှည်ဟန် လက်ပတ်နာရီကို စိုက်ကြည့်ပြီး စောင့်နေတဲ့ ထိုအမျိုးသားက သူ့ကို တွေ့တာနဲ့ စုတ်တစ်ချက်သပ်၏။

အလိုမကျစွာ တွန့်ချိုးနေတဲ့ သူ့ရဲ့ မျက်ခုံးနှစ်ဖက်ကြောင့် Mark ကို သူ စေ့စေ့တောင် မကြည့်ရဲ။

ကြမ်းပြင်ကို မျက်နှာလွှဲထားပြီးပင် ကားဆီကို သွားဖို့ လုပ်လိုက်ပေမယ့် လက်ကောက်ဝတ်ကို ရုတ်တရက် လှမ်းဆွဲလိုက်တဲ့ ထိုအမျိုးသားကြောင့် သူ့ခြေလှမ်းတွေက ရပ်တန့်သွားရသည်။

"နေဦး။ မင်းရဲ့ အင်္ကျီက ..."

ပြောနေရင်းပင် Mark က လှမ်းဆွဲထားတဲ့ လက်ကောက်ဝတ်ကနေ သူ့အနားကို ထပ်ဆွဲကပ်လိုက်တော့ သူတို့ နှစ်ယောက်ရဲ့ အကွာအဝေးက ရင်ဘတ်ချင်း မထိကပ်သွားရုံ၊ နီးကပ်လွန်းလှ၏။

"ဘယ်လိုဖြစ်လို့ ကြယ်သီး တစ်ခုနဲ့တစ်ခုကို တလွဲတွေ တပ်ထားတာလဲ?"

စိတ်ရှုပ်သလို ရေရွတ်လိုက်ပေမယ့် ညင်ညင်သာသာလေးပင် သူ့ရှပ်အင်္ကျီက ကြယ်သီးတွေကို ပြန်ပြင်တပ်ပေးနေတဲ့ Mark ကြောင့် Donghyuck အသက်တောင် ပြင်းပြင်း မရှူရဲတော့။

ဒီလူကြီး အခုရက်ပိုင်း ဘယ်လိုဖြစ်နေတာပါလိမ့်?

ခါတိုင်းလိုဆို ကြာနေလို့ဆိုပြီး Lee Mark က သူ့ကို အော်ဆဲရင်ဆဲ၊ မဟုတ်ရင် ဒူးခေါင်းကို ကန်ပြီးလောက်ရောပေါ့။

ွဒါပေမယ့် စိတ်ကူးနဲ့တောင် ပုံဖော်မကြည့်ရဲခဲ့တဲ့ အခုလို အခြေအနေမျိုးက သူ့အတွက် ပိုထိတ်လန့်စရာကောင်းနေသလို ...

သို့ပေမယ့်လည်း နှလုံးသားက တဒုန်းဒုန်းနဲ့ ခုန်ပေါက်နေတဲ့ ဒီခံစားချက်ကို Donghyuck သဘောမကျဘူးလို့ ပြောရင် လိမ်ရာကျသွားမလား?

something like love - dark ver (happiness) {markhyuck}Where stories live. Discover now