Chapter 18

679 96 3
                                    

(zawgyi)

"ကျွန်တော်တို့ ရှယ်ယာရှင်တွေ အားလုံးရဲ့ မဲပေး ဆုံးဖြတ်မှုအရ Sun Group.co ရဲ့ ဒါရိုက်တာ ရာထူးဟာ Lee Sungchul ထက် အစုရှယ်ယာ အများဆုံး ပိုင်ရှင်ဖြစ်တဲ့ Lee Mark နဲ့ ပိုသင့်တော်ကြောင်း ဆုံးဖြတ်လိုက်ပါသည်။ ယခု ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့သူ ရှိသေးတယ်ဆိုရင် လက်ထောင်ပေးပါ"

သို့သော်လည်း ရှယ်ယာရှင်တွေက တစ်ယောက်မှ လက်မထောင်ကြတဲ့အခါမှာတော့ သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Lee Sungchul ကို Mark ခပ်ထေ့ထေ့သာ ပြုံးပြလိုက်၏။

အဘိုးကြီးကတော့ ဒေါသကြောင့် မျက်နှာကြီးတစ်ခုလုံး နီရဲပြီးပင် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။

"ဒါဆိုရင် ကန့်ကွက်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက် Sun Group.co ရဲ့ ဒါရိုက်တာ ရာထူးကို Lee Mark ထံ တရားဝင် လွှဲအပ်လိုက်ပါပြီ"

ထိုကဲ့သို့ ကြေငြာချက်နဲ့အတူ အစည်းအဝေးလည်း ပြီးရော အားလုံးက လက်ခုပ်ဩဘာပေးကာ သူ့ကို ဝိုင်းဝန်း ဂုဏ်ပြုကြပါ၏။

"Mr. Lee ဒါရိုက်တာ ရာထူးအတွက် ဂုဏ်ပြုပါတယ်"

"Sun Group.co ရဲ့ ရှေ့လျှောက် အနာဂတ်အတွက် Mr. Lee ကို အားကိုးပါတယ်ဗျာ"

ဂုဏ်ပြုစကားတွေ အသီးသီး ပြောကာ ထွက်သွားကြတဲ့နောက်မှာတော့ အခန်းထဲမှာ Mark နဲ့ Lee Sungchul နှစ်ယောက်တည်း ကျန်ခဲ့တော့၏။

မူလနေရာမှာပင် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ ယူကျုံးမရဖြစ်နေတဲ့ Lee Sungchul ကြောင့် သူ ခပ်အက်အက်သာ ရယ်လိုက်မိ၏။

"Lee Sungchul ... ခင်ဗျားရဲ့ ပုံက အခု သိပ်သနားစရာကောင်းနေတယ်ဆိုတာ သိလား?"

ထိုစကားကို ကြားတော့ အဘိုးကြီးက ချက်ချင်း ထလာပြီး ဒေါကြီးမောကြီးနဲ့ သူ့ကုတ်အင်္ကျီကို လာဆွဲကိုင်၏။

"ဒီလောက်လေးနဲ့ ငါ ပြိုလဲသွားလိမ့်မယ်လို့ မထင်နဲ့ Lee Minhyung"

"မထင်ပါဘူး စိတ်ချ။ ခင်ဗျားလို လူမျိုးကို ကျွန်တော်က ဒီလောက်လေးနဲ့ အဆုံးသတ်ပေးမယ်လို့ ထင်နေတာလား? ဒါက အစပဲ ရှိသေးတယ် Lee Sungchul. ခင်ဗျားတို့ လူယုတ်မာ သုံးယောက်လုံးကို တစ်စစီ ဖျက်ဆီးပေးမှာမို့လို့ စောင့်ကြည့်နေလိုက်"

something like love - dark ver (happiness) {markhyuck}Where stories live. Discover now