Chapter 6

656 89 2
                                    

(zawgyi)

ကုမ္ပဏီအတွက် အရေးကြီးတဲ့ပွဲကို အိမ်မှာ လုပ်ချင်တယ်ဆိုရင်လည်း အပြင်က ကျွမ်းကျင်သူတွေကို ခေါ်ပြီး ထိပ်တန်း စားသောက်ဆိုင်တွေက အစားကောင်း အသောက်ကောင်းတွေနဲ့ တခမ်းတနား ပြင်ဆင်ခိုင်းရောပေါ့။

ဒါပေမယ့် Lee Mark ကတော့ အဲ့လိုလုပ်ဖို့ အတွေး လုံးဝ မရှိတာပါ။

Donghyuck လည်း Lee Mark ရဲ့ ပွဲအတွက် ပြင်ဆင်နေရတာ Jeno နဲ့ သွားတွေ့တုန်းက စားထားတဲ့ ပေါင်မုန့်လေးကလွဲပြီး အခုထိ ဘာမှ မစားရသေးတဲ့အပြင် ထိုင်တောင်မထိုင်နိုင်၊ တစ်နေကုန် မီးဖိုချောင်ထဲမှာပဲ မတ်တပ်မတ်တပ်နဲ့ appetizer ကနေ dessert အထိ တစ်ယောက်တည်း လုပ်နေရလို့ လက်နှစ်ဖက်က ပြုတ်ထွက်တော့မယ့်အတိုင်းပင်။ ဒါတောင် အရေးထဲ လက်က ဟင်းရွက်လှီးရင်း ဓားရှသွားသေး၏။

မီးဖိုချောင်နဲ့ ရေကူးကန်ရှိရာ အိမ်အနောက်ဘက်ကိုလည်း ခုံတွေသယ်ရ ပန်းကန်တွေ ခွက်တွေ သယ်ရနဲ့ ခေါက်တုံ့ခေါက်ပြန် သွားရလွန်းလို့ ချောင်းတောင်ပေါက်တော့မယ်။ 

ခြေထောက်နှစ်ဖက်ကတော့ ပြောမနေပါနဲ့တော့၊ ခြေဖဝါးတွေဆို ကြမ်းပြင်နဲ့ မထိနိုင်လောက်အောင်ကို နာနေပြီလေ။

ဘာပဲဖြစ်ဖြစ်ပါ ... အဲ့လိုတစ်ကိုယ်လုံး အထိုးခံရတဲ့အတိုင်း နာကျင်နေတာကို အံကြိတ်ပြီး လုပ်လိုက်တော့လည်း နောက်ဆုံး ည 7 နာရီလောက်ကျ အကုန် ပြင်ဆင်လို့ ပြီးသွားပါ၏။

အပြာရောင် မီးရောင်လေးတွေနဲ့ ထွန်းလင်းနေတဲ့ ရေကူးကန်ကြီး အနားမှာတော့ Donghyuck တတ်နိုင်သလောက် ကြည့်ပျော်ရှုပျော်ရှိအောင် လှလှပပ ခင်းကျင်းထားတဲ့ စားပွဲရှည်ကြီးပေါ်မှာ သူ အစွမ်းအစ ရှိသလို ချက်ထားတဲ့ ဟင်းလျာတွေအပြည့်။

ဘေးနားက စားပွဲဝိုင်း အသေးလေးတွေပေါ်မှာတော့ အချိုပွဲတွေနဲ့ သောက်စရာ ရှန်ပိန်အချို့ ပြင်ဆင်ပေးထားလိုက်၏။

ကျွမ်းကျင်သူတော့ မဟုတ်ပေမယ့် အခုလို ကိုယ်တိုင် စီစဉ်ထားတဲ့အခြေအနေကို ကြည့်ပြီး သူ အနည်းငယ်တော့ ကျေနပ်မိပါ၏။

အစားအသောက်တွေကိုလည်း ဧည့်သည်တွေ အကြိုက်တွေ့ဖို့ မျှော်လင့်ပါရဲ့။

something like love - dark ver (happiness) {markhyuck}Kde žijí příběhy. Začni objevovat