Chapter 3

685 84 3
                                    

(zawgyi)

စံအိမ်ကြီးရဲ့အပြင်ဘက် အပြင်အဆင်က ခမ်းနားထည်ဝါတယ်ဆို အတွင်းအပြင်အဆင်က တွေ့မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေမှာ အမှန်ပင်။

ဒါပေမယ့်လည်း Donghyuck အတွက်တော့ အတွင်းအပြင်အဆင်တွေထက် ဧည့်ခန်းထဲက နိုင်ငံခြားဖြစ် ဆင်စွယ်ရောင်ဆိုဖာကြီးမှာ ထိုင်နေတဲ့ တစ်ယောက်သောသူကိုသာ အာရုံစိုက်မိ၏။

မင်္ဂလာပွဲတုန်းက ရှပ်အင်္ကျီအဖြူလေးကိုသာ အပေါ်ကြယ်သီးနှစ်လုံးလောက် ဖြုတ်ကာ ဝတ်ထားပြီး အနက်ရောင်ကုတ်အင်္ကျီကိုတော့ သူ ထိုင်နေတဲ့ဘေးမှာ ချထားပုံအရ အိမ်ပြန်ရောက်တာ မကြာသေးဘူး ထင်ပါရဲ့။

ဒါပေမယ့်လည်း စားပွဲပေါ်မှာ ရှိနေတဲ့ အကောင်းစား အရက်ပုလင်းကတော့ တစ်ဝက်ကျိုးနေခဲ့ပြီ။

လက်ထဲ ကိုင်ထားတဲ့ ဖန်ခွက်ထဲမှာလည်း ရေခဲတုန်းလေးတွေနဲ့အတူ အရက်က အပြည့်။

Mark သောက်နေတာ ဘယ်နှခွက်လောက်များ ရှိနေပြီလဲဆိုတာ သူလည်း မသိတတ်တော့။

"ဘယ်က ပြန်လာတာလဲ?"

Donghyuck ရောက်နေပြီဆိုတာကို သိသည့်နှယ် သူက အနောက်ကို တစ်ချက်တောင် လှည့်မကြည့်၊ အရက်ကို တစ်ငုံသောက်လိုက်ပြီး အေးဆေးစွာ မေးလာ၏။

"ဟို ... အိမ်မှာ ပစ္စည်းတစ်ခု ကျန်ခဲ့လို့ သွားယူတာပါ"

သို့ပေမယ့် သူ့ရဲ့ အဖြေကို Mark က လှောင်သလို ဟက်ခနဲ ရယ်ကာ ခြေချိတ်ပြီး ထိုင်နေရာမှ အနားကို လျှောက်လာသည်။

အရက်ဖန်ခွက်ကိုတော့ ကိုင်ထားမြဲ။

္လ္လတဖြည်းဖြည်း သူ့အနားကို တိုးကပ်လာတော့ ကျောပြင်က နံရံကို ထိသွားတဲ့အထိ အနောက်ကိုဆုတ်ပြီး Donghyuck ရှောင်မိ၏။

"မသိပါဘူး။ ငါက နောက်ထပ် ငါ့ကို လှည့်စားဖို့ အကွက်တွေများ ထပ်ကြံဖန်နေတာလားလို့"

သူက အရက်နောက်ထပ်တစ်ငုံ သောက်လိုက်ကာပင် ခပ်ဩဩ ရယ်ပြန်၏။

"ဘာကို ဆိုလို -"

ခွမ်း ...

လက်ထဲက ဖန်ခွက်လေးကို ပစ်ပေါက်လိုက်တော့ ကြွေမွကာ ကြမ်းပြင်မှာ တစ်စစီ ပြန့်ကျဲသွားတဲ့ ဖန်စတွေ။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now