Chapter 26

670 83 1
                                    

(zawgyi)

"ကိုကို ..."

ရှိုက်သံလေးတွေက ငြိမ်သွားပြီး တိတ်ဆိတ်သွားတဲ့ အခြေအနေကြောင့် Donghyuck ပြန်အိပ်မောကျသွားပြီ ထင်နေတာ၊ ရုတ်တရက် သူ့ကို ခေါ်သံကြောင့် ရင်ခွင်ထဲက ကောင်လေးကို Mark ငုံ့ကြည့်လိုက်တော့ မျက်လုံးဝိုင်းလေးနဲ့ ဆုံမိ၏။

"hmm?"

အိပ်မက်ဆိုးတွေ အကြောင်းများ ပြောမလို့လားဆိုပြီး စောင့်နေပေမယ့် ကောင်လေးရဲ့ နောက်ဆက်တွဲ စကားကတော့ သူ လုံးဝ မမျှော်လင့်ထားခဲ့တာပင်။

"ရေခဲမုန့် စားချင်တယ်"

"ကလေး ... အခုက ညဥ့်နက်ကြီးလေ။ ရေခဲမုန့်ဆိုင်တွေက ဘယ်လိုလုပ် ဖွင့်တော့မှာလဲ? မနက်ဖြန်ကျရင် ကိုယ် ဝယ်ကျွေးပါ့မယ်ကွာ"

ခပ်အက်အက် ရယ်မိရင်းသာ သူ ဖျောင်းဖျလိုက်ပေမယ့် Donghyuck က လက်မခံ၊ ခေါင်းယမ်း၏။

"ဒါပေမယ့် ကျွန်တော်က အခု စားချင်တာလေ ... ဒီအချိန်ကြီးမှာ စတိုးဆိုင်လေးတွေတော့ ဖွင့်လောက်ဦးမှာပါ။ သွားရအောင်နော် ... နော်လို့ ကိုကို"

လက်ကလေးက သူ့ရဲ့ အင်္ကျီစကို တစ်ချက်တစ်ချက် ဆွဲနေတဲ့အပြင် ခေါင်းလေးကလည်း ကြောင်ပေါက်လေးလိုပဲ သူ့ရင်ခွင်ထဲမှာ တိုးဝှေ့ရင်း တောင်းဆိုနေတဲ့ ထိုကောင်လေးကို Lee Mark ဘယ်လိုလုပ် ငြင်းဆန်နိုင်တော့မှာလဲ?

"Doyoung hyung သာ သိသွားရင် ကိုယ့်ကို နေရာမှာတင် အသေသတ်မှာဆိုတာရော သိရဲ့လား Donghyuck?"

"ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဆရာဝန်ကြီးလည်း သိစရာ အကြောင်းမှမရှိဘဲ ... မဟုတ်ဘူးလား?"

အဲ့လိုနဲ့ပဲ ဘယ်လိုမှ ပြောလို့ မရတဲ့အဆုံးမှာတော့ သူ သက်ပြင်းတွေသာ အကြိမ်ကြိမ်ချမိကာပင် အရှုံးပေးလိုက်တော့၏။

"မင်းလေးဟာလေ ... တကယ်ပါပဲ။ ကဲ ... ထ ... ဘယ်သူ့မှ မရိပ်မိခင် အမြန်သွားပြီး အမြန်ပြန်လာကြမယ်။ ရေခဲမုန့် စားဖို့ပဲနော်"

"တကယ်လား!! တကယ့်ကို ကိုကိုက အကောင်းဆုံးပဲ"

သို့ပေမယ့်လည်း သူ့အဖြေကို ကြားပြီးတာနဲ့ ချက်ချင်းကို ကုတင်ပေါ်ကနေ ပြေးဆင်းသွားကာ အနွေးထည်တွေ ကောက်ဝတ်နေတဲ့ Donghyuck ကြောင့် Mark ရဲ့ နှုတ်ခမ်းပါးတွေက အနည်းငယ် မဲ့သွားမိပါ၏။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now