Chapter 2

657 89 2
                                    

(zawgyi)

တဖြည်းဖြည်း လျှောက်လာရင်း Lee Mark ကို မျက်နှာမူကာ ရပ်လိုက်ရတဲ့အချိန်မှာတော့ ချောမောလွန်းတဲ့ သူ့မျက်နှာ အစိတ်အပိုင်း တစ်ခုစီကို Donghyuck အသေးစိတ် ကြည့်နေမိပါ၏။

Mark ကတော့ ဘာခံစားချက်မှ မဖော်ပြ၊ သူ့ကို မှင်သေစွာပင် စိုက်ကြည့်နေတော့ Donghyuck အနေခက်ချင်လာသည်။

"အသင်တို့ နှစ်ယောက်ကို အကြင်စုံတွဲအဖြစ် ကြေငြာလိုက်ပါပြီ။ အသက်ထက်ဆုံး ပေါင်းဖက်သွားကြလော့ ..."

အဲ့လိုနဲ့ မရည်ရွယ်တဲ့ ကတိတွေကို ကျိန်ဆိုပြီးတဲ့နောက်မှာတော့ သင်းအုပ်ဆရာရဲ့ ကြေငြာချက်က လက်ထပ်ပွဲကို ပြီးဆုံးသွားစေ၏။

အခြား မင်္ဂလာဆောင်တွေမှာလို နမ်းတာတွေ ဘာတွေ မလုပ်ခိုင်းလို့ တော်သေးတာပေါ့လို့သာ Donghyuck သက်ပြင်းချမိပါသည်။

ဒီပွဲကြောင့် သူလည်း သက်ပြင်းတွေ ချရလွန်းလို့ အသက်တိုမှာပဲ။

Mark ရဲ့ လက်မောင်းကို တွဲကာ လျှောက်လမ်းကနေ လာတော့ မင်္ဂလာဆောင်ကို လာကြတဲ့သူအပေါင်းက ပျော်ရွှင်စွာ ဩဘာပေးကြ၏။

မပျော်ရွှင်နိုင်တာက လက်ထပ်ကြတဲ့ ကာယကံရှင်နှစ်ယောက်သာ။

Donghyuck ကတော့ အတတ်နိုင်ဆုံး အပြုံးမပျက်အောင် နေပေမယ့် Mark ရဲ့ မျက်နှာထားကတော့ ပွဲစကတည်းကအတိုင်းပင် အေးစက်စွာ တင်းမာနေတော့ ထိုအမျိုးသားကို သူ ကြောက်နေမိတာ အမှန်။

လုပ်ငန်းသဘောဆန်ဆန်သာ လက်ထပ်ခဲ့ကြတာမို့လို့ ပျားရည်ဆမ်းခရီးတွေ ဘာတွေလည်း သွားမနေတော့။

Mark ကလည်း အဲ့လို အားအားယားယား သွားရအောင် မအားဘူးတဲ့လေ။

ွအခုတောင် ပွဲပြီးပြီးချင်းပင် သူက ကုမ္ပဏီမှာ အစည်းအဝေးရှိလို့ဆိုပြီး သွားခဲ့လို့ စံအိမ်ကို ပြန်တာတောင် ကားပေါ်မှာ Donghyuck တစ်ယောက်တည်း။

စံအိမ် ... Lee Mark ရဲ့ စံအိမ်ကိုပေါ့။

သူ အခုကစပြီး နေသွားရတော့မယ့် နေရာ။

အိမ်မှာကျန်ခဲ့တဲ့ ကိုယ့်ပစ္စည်းလေးတွေ သွားယူမလို့ဆိုတာတောင် စံအိမ်မှာ အကုန် ရောက်နှင့်နေပြီတဲ့။

something like love - dark ver (happiness) {markhyuck}Where stories live. Discover now