အပိုင်း(၃၂)

1.6K 110 10
                                    

"လေးလေး ဖိနပ်အိတ်ဘယ်မှာလဲ"

"luggage ထဲထည့်ပြီးပြီလေ သားချစ်ရဲ့"

"လေးလေး luggage ထဲမှာလား"

"အေး ဟုတ်တယ်၊ မင်းဟာမင်း သပ်သပ်ထည့်မယ်ဆို ပြန်ထုတ်လိုက်လေ"

"ဟုတ်၊ သားအိတ်ဆန့်သေးတယ် လေးလေး"

"အဲ့ဒါပြီးရင် ဒီကိုခဏလာဦး၊ sandwich လာမြည်းပေး"

"ဟုတ်ကဲ့ပါဗျ"

ဝေလီဝေလင်းတောင်မဖြစ်သေးတဲ့ မနက်ခင်းအစောပိုင်းအချိန်မှာ ချစ်သောမောင်တို့ တူဝရီးနှစ်ယောက် ခရီးထွက်ဖို့ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြတာဖြစ်သည်။

"လာပြီ လေးလေး၊ အာ"

မောင် ပါးစပ်ဟပေးလိုက်တော့ လေးလေး ကမုန့်တစ်ခုခွန့်ကျွေးလာသည်။

"ဘယ်လိုလဲ ကောင်းလား"

"အွန်းး အရမ်းကောင်းတယ် လေးလေး၊ ရပြီ ထည့်လိုက်တော့၊ ပြီးရင် လေးလေးလည်းပြင်ဆင်တော့၊ ကားက သားတို့ဆီကနေအရင်ထွက်မှာ၊ ပြီးမှအကုန်လုံးကိုပတ်ခေါ်ရမှာ"

"အစကတည်းက လေးလေးတို့ဆီကိုပဲ အကုန်လုံးကိုခေါ်ထားလိုက်ရင်ကောင်းသားနော်"

"သားခေါ်သေးတယ်၊ ကိုကိုကခရီးမသွားခင် သူ့ဖွားဖွားဆီမှာသွားနေမယ်ဆိုလို့လေ၊ ဖွားဖွားကကျန်းမာရေးသိပ်မကောင်းတော့ စိတ်ချလက်ချထားခဲ့လို့ရအောင်သူတို့တူဝရီးတွေ စီစဉ်ကြဦးမှာ၊ ဟိုနှစ်ကောင်ကတော့ အစောကြီးထရမှာစိုးလို့ သူတို့အိမ်မှာပဲသူတို့စောင့်နေမယ်တဲ့၊ ဝင်ခေါ်ပါတဲ့လေ"

"မင်းမော်လေးကရော"

"အစ်ကိုမင်းမော်ကိုက club မှာဝင်ခေါ်ရမှာ၊ ကဲ လေးလေး မြန်မြန်လုပ်တော့၊ အထွက်နောက်ကျနေမယ်"

"အေးပါ၊ အေးပါ ခဏလေး"

"ဒါတွေ သားပဲထည့်လိုက်တော့မယ်၊ လေးလေးသွားပြင်တော့"

"အေးအေး သေချာထည့်၊ အစာတွေထွက်မကျစေနဲ့နော်"

"ဟုတ်ပါပြီဗျာ"

မီးဖိုခန်းထဲကနေ လေးလေးပြေးထွက်သွားတော့မှ ထမင်းစား စားပွဲပေါ်က အရသာမျိုးစုံဖြင့်လုပ်ထားတဲ့ sandwich တွေကို မောင် ဗူးတွေထဲသေသေချာချာလေးထည့်လိုက်သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now