အပိုင်း(၁၀)

2K 169 10
                                    

"ထိုင်ဦး"

မျက်ဝန်းပြာလေးရဲ့အိမ်ကသုံးထပ်မြောက်မှာရှိနေတဲ့တိုက်ခန်းတစ်ခုသာဖြစ်သည်။မျက်ဝန်းပြာလေးထိုင်ခိုင်းတဲ့ဆိုဖာခုံမှာ မောင်ဝင်ထိုင်လိုက်သည်။မျက်ဝန်းပြာလေးက ရေခဲသေတ္တာအနားကိုလျှောက်သွားပြီး တံခါးဖွင့်လိုက်ကာ ထိုထဲမှအအေးဘူးနှစ်ဘူးယူရင်း မောင့်အနားပြန်ရောက်လာသည်။

"sting အနီကြိုက်လား"

"ဟုတ် ကြိုက်ပါတယ်"

"အင့်၊ ငါက sting အနီကြိုက်လို့ရေခဲသေတ္တာထဲမှာအဲ့ဘူးတွေချည်းပဲ"

"အရမ်းတော့မသောက်ပါနဲ့ အစ်ကို"

"တစ်ရက်တစ်ဘူးလောက်ပါပဲ"

"သုံးရက်တစ်ဘူး"

မောင့်စကားကြောင့် အအေးမော့သောက်နေတဲ့ မျက်ဝန်းပြာလေးရဲ့လက်တွေခေတ္တရပ်တန့်သွားပြီးနောက်

"အင်း၊ မနက်ဖြန်ကစမယ်"

ပြောပြီးဆက်သောက်သည်။မောင့်မှာသာအံ့ဩမှုကြောင့် တခဏငြိမ်သက်သွားရသည်။ထို့နောက် ရင်တွင်းမှအပျော်တွေကြောင့် ဆုလာဘ်နှစ်ခုကိုတောင် မပေါ်အောင်မထိန်းနိုင်တော့ပါ။

"ဘာစားမလဲ"

"ရတယ် အစ်ကို၊ ကျွန်တော့်ကြောင့်အလုပ်ရှုပ်မခံပါနဲ့"

"ညနေစာစားသွားမလား"

"အာ မစားဘူးအစ်ကို၊ ခဏလောက်နေပြီးရင်ပြန်မှာ"

"အင်း"

ထို့နောက် သူ့အအေးသူမော့သောက်နေတဲ့ မျက်ဝန်းပြာလေးကြောင့် စကားသံတွေတိတ်ဆိတ်သွားရသည်။နှစ်ယောက်တည်းရှိနေသည့်အခန်းက လုံနေတဲ့အတွက် အပြင်ကအသံတွေကိုမကြားရပါ။အခန်းတစ်ခုလုံးမှာ မျက်ဝန်းပြာလေးတစ်ယောက်တည်းရှိနေခြင်းအပေါ် မောင်မေးခွန်းထုတ်ချင်ပေမယ့် ဝမ်းနည်းစရာကိစ္စတစ်ခုခုဖြစ်နေမှာကိုမလိုလားတာကြောင့် စကားမစမိခြင်းပင်။နောက်များမှပေါ့ မျက်ဝန်းပြာလေးကိုရင်ခွင်ထဲထည့်ပြီး ငယ်ဘဝကနေအခုအရွယ်ထိ အကြောင်းတွေကိုအကုန်မေးမည်။ဝမ်းနည်းစရာပါရင်နှစ်သိမ့်ပေးပြီး ပျော်စရာဆိုရင်တော့အတူတူရယ်မောပေးရပါမည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now