အပိုင်း(၁၅)

2K 159 4
                                    

မကြာခင်မှာပင် the whole king and the whole queen နှင့် the whole prince and the whole princess ရွေးပွဲစတင်ပါသည်။

"မြန်မာစာမေဂျာ king ညှို့မျက်ဝန်း ဖြစ်ပါတယ်"

king of Myanmar ဆိုတဲ့စလွယ်လေးလွယ်ပြီး မျက်ဝန်းပြာလေးကစင်ပေါ်တက်သွားသည်။မျက်ဝန်းပြာလေးကိုမြင်လိုက်တာနဲ့ စင်အောက်ကလူအုပ်ကြီးကသောင်းသောင်းဖျဖျကြိုဆိုကြပါသည်။မျက်ဝန်းပြာလေးက နှုတ်ခမ်းလေးတွန့်ရုံသာတစ်ချက်ပြုံးပြပြီး စင်ရဲ့ထောင့်တစ်နေရာမှာလက်နောက်ပစ်ကာသွားရပ်နေသည်။

ထိုအပြုအမူလေးကြောင့် မောင်ပြုံးမိပါသည်။ခုနက အခန်းထဲမှာထိုင်နေကြတုန်းက မျက်ဝန်းပြာလေးကမောင့်ကိုလျှို့ဝှက်ချက်တစ်ခုပြောပြခဲ့သည်။သူလေးကမေဂျာkingလုပ်ချင်စိတ်မရှိပေမယ့် အကုန်လုံးထက်ရုပ်ရည်သာနေတဲ့သူ့ကိုဝိုင်းပြီးတင်မြှောက်လိုက်ကြတာမို့ မေဂျာရဲ့ဂုဏ်အတွက်လက်ခံလိုက်တာလို့ဆိုသည်။သူရှိနေတဲ့မြန်မာစာမေဂျာကသူများနောက်ရောက်နေစရာအကြောင်းမရှိဘူးတဲ့လေ။

.......အဟင်း ဘယ်လိုမာနခဲလေးပါလိမ့်......

"အင်္ဂလိပ်စာမေဂျာking မိုးမြင့်မာန် ဖြစ်ပါတယ်"

ဘေးနားကနေဖြတ်လျှောက်သွားတဲ့လူကို မောင်မကြည်ကြည့်ဖြင့်လိုက်ကြည့်မိသည်။ထိုလူစင်ပေါ်တက်သွားတော့လည်း အောက်ကအော်ဟစ်နေကြတာပဲ။ကြည့်ရတာ ဘယ်သူတက်လာလာ အသံကုန်အော်ဟစ်အားပေးကြမယ့်သဘောမှာရှိ၏။ထိုလူကသူ့စလွယ်ကိုမြှောက်ကိုင်ကာနမ်းလိုက်ပြီး စင်အောက်ကိုလည်း လက်ဖဝါးဖြင့်ဖလိုင်းကစ်ပေးလိုက်တာမို့ အောက်ကလူတွေအော်ချက်ကအမိုးတောင်ပွင့်တော့မတက်ပင်။တော်တော်ဆူတဲ့အသံတွေမို့ စင်ရဲ့အရှေ့ဆုံးမှာထိုင်နေကြတဲ့ ဆရာသမားလူကြီးတွေတောင် နားပိတ်လိုက်ကြရသည်။ထိုလူက မျက်ဝန်းပြာလေးဘေးနားမှာသွားရပ်လိုက်တာမို့ မောင့်မျက်ခုံးတွေတွန့်ချိုးသွားရတော့သည်။ဘာဖြစ်လို့ အစီစဉ်တင်ဆက်သူက မျက်ဝန်းပြာလေးပြီးတော့ ထိုလူ့ကိုခေါ်ရတာလဲ! ကျစ် စိတ်ပျက်စရာ!

"သင်္ချာမေဂျာking ......ဖြစ်ပါတယ်"

"ဥပဒေမေဂျာking.......ဖြစ်ပါတယ်"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now