အပိုင်း(၂)

1.3K 21 0
                                    

🎶ကျိန်စာလားရပ်မသွားတဲ့ ခံစားချက်ပေါင်းများစွာနဲ့.....စူးရှတဲ့မျက်ဝန်းတစ်စုံမင်းချန်ခဲ့🎶

"မျက်ဝန်းပြာလေး~"

"မောင့် မျက်ဝန်းပြာလေး"

"ညှို့သွားတာ~ငါ့ကိုညှို့သွားတာကွ ဟားဟား~"

"လူကြီးသေးသေးလေး ဟက်~"

"ညှို့မျက်ဝန်းလေး~"

"အား အား တော်ပါတော့! တော်ပါတော့ မောင်မင်းကြီးသားရယ် တော်ပါတော့!"

နားနှစ်ဖက်ကိုအပြိုင်ပိတ်ပြီးအော်လိုက်တဲ့ သူရနိုင် နှင့်အပြိုင် ကုဋေစိုး ကလည်း သူရနိုင် ရဲ့အသံဆိုးကြီးကိုသည်းမခံနိုင်စွာ နားနှစ်ဖက်စုံပိတ်လျှက်။လခွမ်း! စာဖတ်နေတာတောင်ဘယ်နားရောက်သွားပြီလဲမသိ!

"အသံဆိုးနဲ့ဘာတွေထအော်နေတာလဲကွာ"

ကုဋေစိုး ပြောလိုက်တော့ သူရနိုင် ကမခံမရပ်နိုင်စွာလှည့်ကြည့်လာပြီး

"ဪ အပြောကောင်း၊ မင်းကတော့ ဘာစာတွေဖတ်နေမှန်းမသိတော့ မင်းစာထဲမင်းဈာန်ဝင်နေမှာပေါ့! ငါ့မှာတော့ ဒီသကောင့်သား မျက်ဝန်းပြာ ဂုဏ်တော်ရွတ်နေတာကိုကြိတ်မှိတ်သည်းခံပြီးနားထောင်နေရတယ်! အခု သည်းမခံနိုင်တော့ဘူးကွ!"

လက်သီးလက်မောင်းတန်းပြီးထအော်တဲ့ သူရနိုင်ကိုကြည့်ပြီး မောင့်မျက်နှာကပြုံးစိစိဖြင့်သာ။အရာရာကိုသည်းခံခွင့်လွှတ်နိုင်တဲ့ ပါရမီရှင်ကြီးတစ်ယောက်လိုလို။

ကုဋေစိုး သူ့လက်ထဲကဖုန်းကိုချလိုက်ပြီး ချစ်သောမောင် ကိုကြည့်လိုက်သည်။မောင်ကတော့သူ့အတွေးကမ္ဘာထဲမှာသာတဝဲလည်လည်ရှိနေသည့်ပုံစံဖြင့်။

"ချစ်သောမောင်"

"ဟင်"

ခေါ်လိုက်တော့လည်းမျက်ခုံးပင့်ပြီးထူးလာသည်။

"အဲ့ ညှို့မျက်ဝန်း ဆိုတဲ့တစ်ယောက်ကယောက်ျားလေးနော်၊ ဟုတ်တယ်မလား၊ ငါယောက်ျားလေးတစ်ယောက်လို့ပဲမြင်လိုက်တာနော်"

သူရနိုင် ကိုပါအဖော်စပ်သလိုပြောလိုက်တော့ သူရနိုင် က ကုဋေစိုး ကိုခေါင်းတဆတ်ဆတ်ညိမ့်ပြရင်းထောက်ခံလိုက်သည်။မောင်ကလည်းခေါင်းတစ်ချက်ဝင်ညိမ့်သည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now