အပိုင်း(၅)

887 12 0
                                    

ချစ်သောမောင် တို့သူငယ်ချင်းသုံးယောက်ကျောင်းကပြန်တော့ ရောက်လာတဲ့နေရာက တစ်ချိန်မှာ မောင်အမွေအဖြစ်ပိုင်ဆိုင်ရမယ့် ယခုလက်ရှိ မောင့်လေးလေးဦးစီးနေတဲ့ ကိုရီးယား၊ဂျပန်၊တရုတ်၊ထိုင်း စားသောက်ဆိုင်ဖြစ်သည်။

သုံးယောက်သားခေါင်းချင်းဆိုင်ပြီးအကြိတ်အနယ်ပြောနေကြတဲ့အကြောင်းအရာကတော့ ညှို့မျက်ဝန်း(ခေါ်)မောင့်ရဲ့မျက်ဝန်းပြာလေး အကြောင်းပဲဖြစ်ပါသည်။

"မျက်နှာလေးနဲ့မှမလိုက် သူ့ရုပ်ကတည်နေတာ ငါကြက်သီးတောင်ထတယ်"

သူရနိုင် ကသူ့လက်မောင်းနှစ်ဖက်ကိုလက်ဖဝါးဖြင့်ပွတ်သပ်ရင်းအမူအရာပါလုပ်ပြသည်။

"ငါကတော့သူ့ typeကိုကြိုက်တယ် strong type ပဲ၊ဟိုအစ်ကိုကြီးကိုပညာသားပါပါနဲ့ငြင်းလိုက်တာများ လုံးဝမိုက်တယ်!"

ကုဋေစိုး ကလက်မတစ်ချောင်းထောင်ပြီးပြောလာတော့ မောင်ကခပ်ဖွဖွပြုံးပါသည်။

"အေး သူများကိုပြောမနေနဲ့ မင်းသူငယ်ချင်းအငြင်းမခံရအောင်သာဆုတောင်းနေ"

"ဒီဖေ...ငါကအငြင်းခံရစရာလား သူရူးနိုင်ရဲ့!"

မောင် ဒေါသထွက်ထွက်ဖြင့်လည်ပင်းလိုက်ညှစ်တော့ သူရနိုင် ကတဟားဟားရယ်ပြီးရှောင်ပါသည်။ခဏအကြာ မောင်တစ်ယောက်ပြန်ငြိမ်သွားပြီး

"မင်းတို့မသိဘူး ငါ့ဆီကထောင့်ငါးရာတောင်းပြီးပေးလိုက်တုန်းကဆို ငါတကယ်လန့်သွားတာကွ!"

ကုဋေစိုး ကသူလည်းမောင့်လိုလန့်သွားခဲ့ပါတယ်ဆိုတဲ့ပုံစံဖြင့် ရင်ဘက်ကိုလက်နှင့်ဖိကာခေါင်းညိမ့်ပြလာသည်။

"ထောင့်ငါးရာပေးပြီးတော့ ငြင်းတယ်တဲ့၊ သူကတကယ့်လူထူးလူဆန်းတစ်ယောက်ပဲ၊ အေးလေ အဲ့ဒါကြောင့်လည်းဒီဂေါက်သီးကကြိုက်သွားတာပေါ့၊ ဟေ့ရောင် သတိထားဦးနော် ပိုက်ဆံချေးတတ်တာက သူ့ဝါသနာထင်တယ်၊ တော်ကြာမင်းနဲ့ကြိုက်ပြီးတော့မှသူ့အကြွေးတွေလိုက်ဆပ်ပေးနေရဦးမယ် ဟားဟား!"

"မင်းတော်တော်အူမြူးနေတာပဲ သူရနိုင် ဖေ့သားလေး၊ လာခဲ့ အဲ့မြူးနေတဲ့အူကိုဖြတ်ပေးမယ်!"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now