အပိုင်း(၂၄)

1.6K 120 14
                                    

နေရောင်ခြည်၏ နွေးထွေးမှုကိုစိတ်အာရုံမှခံစားလိုက်ရတာမို့ မောင်အိပ်ရာကနိုးလာခဲ့သည်။
နိုးနိုးချင်းသတိတရဖြင့် ဘေးနားကိုကြည့်လိုက်တော့ လစ်ဟာနေတဲ့အိပ်ရာကိုသာတွေ့လိုက်ရသည်။

"အင်းး ကိုကို"

အိပ်ရာနိုးခါစမို့ ခပ်အက်အက်လေးဖြစ်နေတဲ့ မောင့်အသံကအတန်အသင့်တော့ကျယ်ပါသည်။ဝေဝါးနေတဲ့မျက်လုံးအစုံကို လက်သီးဆုပ်နှစ်ဖက်ဖြင့်ပွတ်လိုက်ပြီး မြင်ကွင်းကိုအရင်ရှင်းအောင်လုပ်လိုက်သည်။ထို့နောက် အိပ်ရာမှထထိုင်ကာ လက်နှစ်ဖက်ကိုဘေးသို့ဆန့်ထုတ်ပြီးအပျင်းကြောဆန့်လိုက်ပါသည်။ဆံပင်တွေကပုံပျက်ပြီးထိုးထိုးထောင်ထောင်ဖြစ်နေသော်လည်း မောင်ကရုပ်ခံလေးရှိတာမို့တော်သေးတယ်လို့ပြောရမည်။

"ကိုကိုရေ"

ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ပြီးခေါ်လိုက်သော်လည်း ပြန်ဖြေသံကဗလာနတ္ထိ။

မောင့်နှုတ်ခမ်းကမသိမသာဆူသွားပြီး မျက်ခုံးနှစ်ဖက်လည်းအနည်းငယ်ကျုံ့သွားပါသည်။မောင်မျှော်မှန်းထားတဲ့ မနက်ခင်းအခြေအနေကဒီလိုမှမဟုတ်ဘဲ။မျက်ဝန်းပြာလေးကိုရင်ခွင်ထဲထည့်ဖက်ပြီး 'နိုးပြီလားကိုကို၊မောနင်းကစ်လေးပေးပါဦး'ဘာညာဆိုပြီး တီတီတာတာလေးလုပ်ချင်သေးတာ။အခုတော့ object ကပျောက်နေတယ်၊ subject ကတစ်ယောက်တည်းဘာသွားလုပ်ရမှာတုန်း။

"ဘယ်သွားတာပါလိမ့်၊ ကိုကိုရေ မောင်နိုးပြီ"

အသံလေးလည်းပေးရင်း အိပ်ရာပေါ်ကဆင်းလိုက်ကာ အခန်းထဲကထွက်ပြီး အချစ်ပျောက်ရှာပုံတော်ဖွင့်ရပါတော့သည်။

"ကိုကို"

ရေချိုးခန်းတံခါးကိုအသာဖွင့်ပြီးကြည့်လိုက်တော့မရှိပါ။ရောက်တုန်းတစ်ခါတည်း မောင် သွားတိုက်၊မျက်နှာသစ်လုပ်လိုက်သည်။ထို့နောက် အိမ်သာ၊မီးဖိုချောင်၊ဧည့်ခန်း တွေမှာရှာကြည့်သော်လည်း တစ်နေရာမှာမှ မျက်ဝန်းပြာလေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့ရ။

"အပြင်သွားတာနေမယ်"

ဂျောက်!

ပြောလို့မှမဆုံးသေးအခန်းတံခါးပွင့်သံနှင့်အတူ အထုတ်ကြီးအထုတ်ငယ်ဆွဲပြီးဝင်လာတဲ့ မျက်ဝန်းပြာလေးကိုတွေ့လိုက်ရသည်။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now