အပိုင်း(၂၅)

1.7K 120 8
                                    

"ငါကဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ"

မျက်စိရှေ့က မှန်တွေဖြင့်ကြီးကျယ်ခမ်းနားစွာဆောက်လုပ်ထားသည့် အဆောက်အအုံကြီးကိုငေးကြည့်ကာ မိုးညမောင် တစ်ယောက်ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လိုက်မိသည်။ထို့နောက် လက်ထဲကအမဲရောင်ကဒ်လေးကိုတစ်လှည့် အဆောက်အအုံကြီးကိုတစ်လှည့်ကြည့်လိုက်ပြီး

"အာ....မတော်တဆ ဟုတ်တယ် မတော်တဆလမ်းမှားပြီးရောက်လာတာ အဟင်း ဟင်း"

ကိုယ့်ကိုယ်ကိုယ်မေးတဲ့မေးခွန်းဖြစ်တာကြောင့် ကိုယ့်ဘာသာဖြေချင်တဲ့အဖြေပေးလို့ရသည်။ဘယ်သူ့ဂရုစိုက်ရမလဲ! ဘေးဘယ်ညာကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး လူရှာတာမဟုတ်ဘူးနော်! ဒီတိုင်းမျက်စိကစားလိုက်ပြီးမှ ကားပေါ်ပြန်တက်လိုက်သည်။ဆိုင်ကိုပြန်ရမယ်၊ ဆိုင်မှာက မိုးည ရှိမှအဆင်ပြေတာလေ။

"ပြန်မယ် ဟူး"

ဘုန်း! ဘုန်း!

ကားစက်နှိုးဖို့ပြင်လိုက်ပေမယ့် ချက်ချင်းပင်သော့ကိုပြန်ရုတ်လိုက်ပြီး စီယာတိုင်ကိုတဘုန်းဘုန်းထုမိတော့သည်။

"အားး မိုးညမောင် အရူးပဲ! အသက်ကဖြင့်ကြီးနေပြီ! အားး ရှက်လိုက်တာ! ရှက်လိုက်တာ!"

ကားပေါ်မှာ တစ်ယောက်တည်းကမ္ဘာပျက်နေသူကို ပတ်ဝန်းကျင်ကသတိမထားမိတာဟာ ကားကအသံလုံနေတာကြောင့်ဖြစ်သည်။မဟုတ်ရင် အခုချိန် မိုးည တစ်ယောက် အရပ်ကောင်းမှုကြောင့်တစ်နေရာရာကိုရောက်သွားလောက်ပါပြီ။

"ဟားး ဘာတွေလုပ်နေတာလဲကွာ၊ နေမြဲတိုင်းမနေဘူး၊ မဖြစ်နိုင်တာတွေကိုအခုကတည်းကစိတ်ကူးမယဉ်တာကောင်းမယ်၊ မိုးညမောင် အရူးလုပ်ရပ်တွေကိုရပ်တန်းကရပ်လိုက်ရအောင် ဟူးး ဟုတ်တယ် ရပ်ရမယ်"

အသက်ပြင်းပြင်းရှူကာ ခေါင်းထဲကိုအသိစိတ်ကောင်းကောင်းရိုက်ထည့်လိုက်ပြီးမှ

"အိုကေ သွားမယ်!"

သော့ဖွင့်ကာ ကားစက်နှိုးလိုက်တော့

ဂျစ်! ဂျစ်!

"ဟမ် ကားစက်သံကဘာဖြစ်တာလဲ"

နောက်တစ်ခေါက်ထပ်နှိုးကြည့်ပြန်တော့လည်း

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now