အပိုင်း(၂၉)

478 7 0
                                    

သီချင်းသံ၊ ဒီဂျေသံတွေဖြင့်ဆူညံနေသည့် club ထဲမှာ ရောက်နေတဲ့နေရာနဲ့မှမလိုက် မှိုင်တွေကာထိုင်နေတဲ့ လူငယ်တစ်ယောက်ရှိသည်။ထိုလူငယ်က တခြားလူတော့မဟုတ် ကုဋေစိုး ပဲဖြစ်သည်။

bar counter မှာထိုင်ရင်း ခပ်ပြင်းပြင်းအရက်တစ်ခွက်ကို မော့သောက်လိုက်ပြီးနောက် ပြန်၍ ထုံမှိုင်းသွားပြန်ပါသည်။

ကုဋေ အခု အသည်းကွဲနေတယ်လို့ဆိုရလေမလား။ချိန်ထားမိတဲ့လူကြီးဆီက အဖက်လုပ်ခြင်းတောင်မခံရတဲ့အပြင် သူများနောက်ပါသွားလို့လေ။ဝတ္တုစာအုပ်တွေဖတ်တာများသွားလို့လားမသိပါ။ကိုယ် crush လိုက်ရင် ကိုယ့်ကိုပြန်ကြိုက်မယ်လို့ပဲတွေးနေမိသည်။ဝတ္ထုထဲမှာဆို ဘယ်လောက်ပဲရုပ်ဆိုးတဲ့လူ၊ ဆင်းရဲ မွဲတေတဲ့လူဖြစ်နေပါစေ၊ ရုပ်ချောပြီးချမ်းသာတဲ့လူကို crush မိရင် ဟိုကပြန်ကြိုက်တာခံရတယ်လေ။အင်း ဇာတ်လိုက်မို့လို့နေပါလိမ့်မည်။ဦးထွဋ်ခေါင်ချုပ် ရဲ့ဇာတ်လမ်းမှာတော့ ကုဋေ ကဇာတ်လိုက်မဟုတ်လို့နေမှာပေါ့။ဟွန်းး! သူ့ဇာတ်လိုက်နဲ့သူကျတော့လည်း အကြည်စိုက်နေလိုက်ကြတာများ ပတ်ဝန်းကျင်တောင်မေ့နေကြပါသည်။

ကုဋေ၊ ဦးထွဋ်ခေါင်ကို မြင်မြင်ချင်း crush မိတာက ဆွဲဆောင်မှုရှိလွန်းပြီးတော့ ကုဋေ့ကိုရင်ခုန်အောင်လုပ်နိုင်လို့ပါ။crush တို့ရဲ့ စံချိန်စံနှုန်းနှင့်ကိုက်ညီလို့ crush လိုက်တာ။ရရင်ယူမယ်၊ မရတော့လည်း crush ချောချောကြီးရှိတာက အမြတ်ပေါ့။သူနှင့်ကိုယ်နဲ့ ဘယ်လောက်ဖူးစားမပါလည်း သိသာသည်။အဲ့ဒီနေ့ပြီးကတည်းကမတွေ့တော့တာ ဒီနေ့ပြန်တွေ့တဲ့အထိပင်။တွေ့ရမလား၊ တွေ့ရမလားဆိုပြီး သူငယ်ချင်းတွေကို အဖော်ဆွယ်ပြီး club ကိုချောင်းပေါက်အောင်လာလည်း မြစ်သာဖြစ်သွားတယ် crush ကြီးရဲ့အရိပ်တောင်မတွေ့ရပါ။အဲ့ဒီအစား ကုဋေ အမြင်ကပ်တဲ့ ဦးမင်းခေါင်ချုပ် နဲ့ပဲ စလိုက်၊နောက်လိုက်၊ရန်ဖြစ်လိုက်ဖြင့် ရွယ်တူသူငယ်ချင်းတွေလိုတောင်ဖြစ်နေလေပြီ။အပေါက်အလမ်းမတည့်သေးတာကတော့ ချွင်းချက်ပေါ့။

ကုဋေ ကချိန်ပါတစ်ယောက်လို့ဆိုရလေမလား။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဦးလေးအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ လေးလေးမိုးညမောင် ဆီပါသွားတာမို့ တော်သေးတယ်လို့ဆိုရမည်။တခြားလူနှင့်သာဆိုရင် ဘာလို့ငါမဟုတ်ရတာလဲဆိုပြီး ဒေါသထွက်ရလွန်းလို့ရူးမှာပဲ။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now