အပိုင်း(၁၁)

2K 175 4
                                    

"အာ့!"

ဖြောင်း!!

ကိုယ့်ဘာသာကိုယ်ထိုင်နေတာကို သူတို့ကိုသွေးလှူနေတယ်များထင်နေလားမသိ။စိတ်ကကြည်မနေတော့ ကိုယ့်အသားကိုယ်အနာခံပြီးဖြောင်းခနဲတီးပေးလိုက်သည်။ကမ္ဘာပေါ်ကခြင်တွေအကုန်မျိုးတုန်းသွားပါစေဟုလည်း မောင့်စိတ်ထဲမှကြုံးဝါးလိုက်ပါသေးသည်။

မှောင်ရီရီအချိန်ရောက်နေလေပြီ။မောင်ထိုင်စောင့်နေတာလည်း နှစ်နာရီလောက်ရှိပြီဖြစ်သည်။အခုအချိန်ထိ မျက်ဝန်းပြာလေးရဲ့အရိပ်အယောင်တောင်မတွေ့ရသေးပါ။မဟုတ်မှ ဒီညမသွားတော့ဘူးလား၊ မဟုတ်သေးဘူး အဖော်ပါတယ်လို့တောင်ပြောသေးတာပဲ သေချာပေါက်သွားလိမ့်မည်။

လက်ထဲကပေါင်မုန့်နှင့်နို့အေးဘူးကိုတစ်လှည့်စီ သောက်စားရင်း တစ်ယောက်သောသူကိုလည်းမျက်ခြေမပျက်စောင့်ကြည့်နေရပါသည်။

"ဝု!"

"အင် ဘာလဲ၊ စားချင်လို့လား"

ခပ်လှမ်းလှမ်းမှာလျှာတစ်လစ်ဖြင့်ထိုင်နေတဲ့ ဖြူဖြူဝဝခွေးလေးကို မောင် မေးလိုက်တော့ ခွေးလေးက မောင့်လက်ထဲမှမုန့်ကိုသာစိုက်ကြည့်နေသည်။ထိုအပြုအမူကို မောင်သေချာပေါက်သိတာပေါ့။ပေါင်မုန့်အသားကိုတစ်ဝက်လောက်ဖဲ့လိုက်ပြီး

"ရော့ရော့ လာစား အိုအို"

ပါးစပ်ကခေါ်ရင်း မုန့်ကိုင်ထားတဲ့လက်ကိုလည်းရှေ့တိုးပေးလိုက်တော့ ခွေးလေးကလုံးလုံးလုံးလုံးဖြင့် မောင့်ဆီပြေးလာသည်။အနားရောက်တာနဲ့ မောင့်လက်ထဲကပေါင်မုန့်ကို ပါးစပ်ဖြင့်ကိုက်ယူသွားပြီး မြေကြီးပေါ်ချကာစားတော့သည်။စိတ်လိုလက်ရပြုံးလိုက်မိရင်း လက်ထဲကကျန်တဲ့မုန့်နှင့်အအေးကို မောင် ဆက်စားလိုက်သည်။ဖြူဖြူလုံးလုံးခွေးလေးရယ် ငုတ်တုတ်ထိုင်နေတဲ့အဖြူရောင်အင်္ကျီဝတ်ကောင်လေးရယ်။ထိုဖြစ်တည်မှုနှစ်ခုလုံးဟာ ကောက်ပွေ့သွားချင်စရာကောင်းလောက်အောင်အသည်းယားဖို့ကောင်းနေပါသည်။ထိုအချိန်

တီ! တီ!

ကားဟွန်းတီးသံကြောင့် အသံလာရာဆီ မောင်ကြည့်မိတော့ အနီရောင်ပြိုင်ကားတစ်စီးကိုတွေ့လိုက်ရသည်။ခဏအကြာ ထိုကားပေါ်မှယောက်ျားတစ်ယောက်ဆင်းလာသည်။ထိုယောက်ျားက ရှပ်အင်္ကျီအနက်ရောင်ကို ဘောင်းဘီအနက်ရောင်နှင့်တွဲဝတ်ထားပြီး ဖိနပ်ကလည်းအနက်ရောင် ဆံပင်ကလည်းအနက်ရောင်ဖြင့် တစ်ကိုယ်လုံးနက်စွေးနေသည်။ဖြူဖွေးတဲ့အသားအရေကအနက်ရောင်အောက်မှာထင်းလို့ပင်။ခပ်လှမ်းလှမ်းကမြင်နေရတာတောင် တောင့်တင်းတဲ့ကိုယ်ဟန် အချိုးကျတဲ့မျက်နှာကျ ထူထဲတဲ့မျက်ခုံးဖြင့် ထိုယောက်ျားကအလွန်ခန့်ညားပြီးချောမောတယ်ဆိုတာကိုမှတ်ချက်ချနိုင်ပါသည်။နောက်ပြီး ထိုလူ့ကိုမောင်သိသည်။bar မှာ မျက်ဝန်းပြာလေးနှင့်အတူတွေ့လိုက်ရတဲ့ယောက်ျား။ထိုလူက ဒီကိုဘာကိစ္စနဲ့များ.....

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now