အပိုင်း(၃၀)

1.6K 126 12
                                    

ချစ်သောမောင် တို့သူငယ်ချင်းသုံးယောက် ကျောင်းကိုရောက်ရောက်ချင်း အရင်ဆုံးသွားတဲ့နေရာက ကန်တင်းဖြစ်သည်။ဗိုက်ပြည့်နေမှ တစ်နေ့တာလုံး energy တွေပြည့်နေမှာလေ။

"မုန့်ဟင်းခါး အိုးဘဲဥနဲ့တစ်ပွဲ"

"နန်းကြီးသုပ်တစ်ပွဲ"

"အုန်းနို့ခေါက်ဆွဲ အိုးဘဲဥနဲ့တစ်ပွဲ၊ အဲ့သုံးမျိုးအမြန်လေးလုပ်ပေးပါဗျ"

စားချင်တာမှာပြီးတော့ သုံးယောက်သား ဖုန်းလေးတွေကိုယ်စီဖြင့် အသံတိတ်နေကြသည်။မောင်နှင့်သူရနိုင် တို့ကဖုန်းကိုစိတ်ပါဝင်စားစွာကြည့်နေကြပေမယ့် ကုဋေစိုး တစ်ယောက်မှာတော့ ဖုန်းကြီးကိုင်ထားပြီး စိတ်ကတော့ မနေ့ညကအကြောင်းအရာဆီရောက်နေခဲ့ပါသည်။

မနေ့ညက.....

"အငယ်၊ ရုတ်တရက်ကြီး ဘယ်လိုရောက်လာတာလဲ၊ ကိုယ့်ကိုလည်းဘာမှမပြောဘူး"

ဦးမင်းခေါင် ကထိုင်နေရာကနေထပြီး အငယ်ဆိုတဲ့ကောင်လေးအနားကို လျှောက်သွားသည်။ကုဋေ တစ်ယောက် အကြောင်းပြချက်မယ်မယ်ရရမရှိပါဘဲ နှာခေါင်းရှုံ့လိုက်မိပါသည်။

"ငယ် ကိစ္စလေးရှိလို့ ဦး၊ ကြိုမပြောပြတာက ဦးကို suprise ဖြစ်စေချင်လို့လေ ဟီးး"

"ဟားဟား suprise ဖြစ်ပါတယ်ဗျာ၊ တကယ်ကို suprise ပဲ"

ပြုံးရွှင်နေတဲ့မျက်နှာကိုယ်စီဖြင့် အပြန်အလှန်စကားပြောနေကြတဲ့ နှစ်ယောက်ကို မကျေနပ်တဲ့အကြည့်တွေနှင့်ကြည့်နေတာက ကုဋေစိုး ဖြစ်သည်။ပေါ်တင်ကြည့်တာတော့ မဟုတ်ပါ။အရက်သောက်နေရင်း တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေတာပေါ့။

ဦးမင်းခေါင်ကြီး ပြုံးရွှင်နေလိုက်တာများ အရူးအမဲသားကျွေးထားသလိုပဲ၊ ပါးစပ်ကိုမစိတော့ပါ။အင်းပေါ့လေ သူ့လိုဦးလေးကြီးကို ကောင်လေးလှလှလေးက ဦးလို့ခေါ်ပြီး ပုခုံးထိလိုက်၊ လက်ထိလိုက်နဲ့လုပ်နေတာကိုး၊ ကျေနပ်နေမှာပေါ့။ဒီအရွယ်တွေကအဲ့လိုပဲ ဘာမြက်နုကြိုက်ဆိုလား၊ ဟင်းဟင်း!

"ဒီနေရာကဆူတယ်၊ အပေါ်ထပ်သွားရအောင်လေ ဦး၊ စကားပြောစရာလေးရှိလို့"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDove le storie prendono vita. Scoprilo ora