အပိုင်း(၁၇)

689 13 0
                                    

အသံချိုချိုလေးဖြင့်သီချင်းဆိုနေတဲ့ မျက်ဝန်းပြာလေးကို မောင် တမေ့တမောငေးကြည့်နေမိသည်။ဆိုနေတဲ့ပုံစံလေးကခံစားချက်တွေအပြည့်နှင့်မို့ မောင့်မှာအသည်းတယားယားဖြစ်နေရသည်။

မျက်ဝန်းနဲ့ညှို့သွားတာတွေရော၊ အကြည့်ကြောင့်ရင်လောင်သွားတာတွေရော၊ သီချင်းထဲမှာပါနေတာမို့ ဘယ်သူ့ကိုစောင်းဆိုနေတာလဲတွေးပြီး ရင်တွေလည်းပူရပါသေးသည်။မျက်ဝန်းပြာလေးမှာ ချစ်သူရည်းစားမရှိပေမယ့် ကြိုက်နေတဲ့လူရှိနေရင်တော့ မောင် ဒုတယံမိအသည်းကွဲရပါဦးမည်။ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့သေသေချာချာစုံစမ်းပြီးမှအသည်းကွဲမည်။

"ဟေးး ဖြောင်း!ဖြောင်း!ဖြောင်း!"

သီချင်းဆုံးသွားတာနဲ့ အားပေးလက်ခုပ်သံတွေညံစီပြီးထွက်လာတော့သည်။

မောင့်အနားကိုပြုံးပြုံးလေးဖြင့်လျှောက်လာတဲ့ မျက်ဝန်းပြာလေးကြောင့် မောင်တစ်ယောက်ပြုံးပြုံးကြီးဖြင့်ရင်ခုန်နေရပါသည်။

"ဘယ်လိုလဲ"

မျက်ခုံးလေးပင့်ပြီးမေးလာတာမို့

"အရမ်းကောင်းတယ်၊ အစ်ကိုသာအဆိုတော်လုပ်ရင်သေချာပေါက်အောင်မြင်မှာ"

ဒါဟာ မောင်အပိုပြောခြင်းမဟုတ်ပါ။

"ဝါသနာမပါပါဘူး၊ ဒါနဲ့ သီချင်းကိုရောမင်းသေချာနားထောင်ရဲ့လား"

မျက်ဝန်းပြာလေးကို မောင်ခေါင်းတဆတ်ဆတ်ညိမ့်ပြလိုက်ရင်း

"နားထောင်တာပေါ့ အစ်ကိုရ၊ အသံလေးကချိုပြီးတော့ တစ်ကယ်မိုက်တယ်"

"သီချင်းအဓိပ္ပာယ်ကိုရော သေချာနားထောင်ရဲ့လား"

မောင် ထပ်မံ၍ခေါင်းညိမ့်ပြလိုက်ပြီး

"ဟုတ် နားထောင်တယ်လေ၊ အရမ်းကောင်းတယ်ဗျ"

လက်မလေးနှစ်ချောင်းထောင်ကာရယ်ပြရင်း မောင်ပြောလိုက်တော့ မျက်ဝန်းပြာလေးရဲ့မျက်ခုံးတွေကအနည်းငယ်တွန့်ချိုးသွားတာမို့

....ဟမ်! ဟမ်! ဘာဖြစ်လို့လဲ! မောင်အမှားလုပ်မိတာလား၊ မောင်ဘာမှားသွားတာလဲ၊ မျက်ဝန်းပြာလေး ဘာကိုစိတ်အလိုမကျသွားတာလဲ၊ မောင့်ကိုစိတ်ဆိုးသွားလား၊ ဘာဖြစ်လို့လဲ!.....

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now