အပိုင်း(၁၂)

2.1K 164 4
                                    

"နာနေလား"

"အင်း"

"နည်းနည်း သည်းခံ"

နှဖူးပေါ်ကနူးညံ့တဲ့အထိအတွေ့၊ နှာခေါင်းပေါ်ကနူးညံ့တဲ့အထိအတွေ့၊ ပါးပြင်ပေါ်ကနူးညံ့တဲ့အထိအတွေ့၊ နှုတ်ခမ်းနားကနူးညံ့တဲ့အထိအတွေ့၊ ထိုအထိအတွေ့တွေကိုခံစားရင်း မျက်စိရှေ့က မျက်ဝန်းပြာလေးကို မောင်မျက်တောင်မခတ်ကြည့်နေမိသည်။အခန်းတစ်ခန်းထဲမှာ မောင်တို့နှစ်ယောက်တည်းရှိနေပြီး တိတ်တိတ်ဆိတ်ဆိတ်ပင်။

မောင့်ဒဏ်ရာတွေကိုဆေးထည့်ပေးနေတဲ့မျက်ဝန်းပြာလေးက ပကတိတည်ငြိမ်တဲ့ရုပ်လေးနှင့်ဖြစ်သည်။နာနေလားဆိုတဲ့မေးခွန်းကလွဲပြီး မောင်ဒီကိုရောက်နေရတဲ့အကြောင်း၊ မောင်ရန်ဖြစ်ရတဲ့အကြောင်း ဘာတစ်ခုကိုမှမေးမြန်းခြင်းရှိမလာပါ။

စိတ်ထဲမှာ နာနာကျင်ကျင်တွေးလိုက်မိသည်။မျက်ဝန်းပြာလေးက မောင်နှင့်ပတ်သတ်ရင်အရမ်းအေးစက်တာ၊ ဘာကိုမှအရေးမထားတာ၊ မောင့်ကိစ္စတွေကိုသူနှင့်မဆိုင်ဘူးလို့တွေးထားတာ၊ အခုလိုဆေးထည့်ပေးနေတာကလည်း အသိမိတ်ဆွေတွေမို့လို့သာ၊ အဲ့ထက်ဘာမှမပို။မျက်ဝန်းပြာလေးက မောင့်အပေါ်ရိုးရိုးသားသားပေမယ့် မောင်ကသာမရိုးသားတဲ့စိတ်တွေနှင့် တစ်ယောက်တည်းပူလောင်နေရတာ။

ဟိုလူ! အဲ့လူနဲ့မျက်ဝန်းပြာလေးက အပေါ်ထပ်ကနေဆင်းလာကြတာ။အဲ့လူက ဒီကလပ်နှင့်တစ်ခုခုပတ်သတ်နေတာဖြစ်လိမ့်မည်။သူက မျက်ဝန်းပြာလေးကို မောင်နှင့်သိလားလို့မေးပြီး မျက်ဝန်းပြာလေးကခေါင်းညိမ့်ပြတော့ မောင့်ကိုအပေါ်ခေါ်သွား သူဒီကပြဿနာတွေရှင်းလိုက်ဦးမယ်လို့ပြောပြီးကျန်နေခဲ့သည်။ထိုလူကမျက်ဝန်းပြာလေးကိုတော်တော်ချစ်ပုံရသည်။မျက်ဝန်းပြာလေးရဲ့အသိဆိုတာနဲ့ မောင့်ကိုပြဿနာထဲကနေလွတ်မြောက်ခွင့်ပေးခဲ့သည်။အမှန်ဆို မောင်ကပြဿနာစရှာခဲ့တာလေ။ဘာပဲဖြစ်ဖြစ်အချစ်ခံရတော့ မောင့်မျက်ဝန်းပြာလေးအတွက်စိတ်အေးရတာပေါ့။မောင်သာဆိုရင်လည်း မျက်ဝန်းပြာလေးကို အဲ့လူထက်ပိုတဲ့ချစ်ခြင်းမေတ္တာတွေနှင့် အများကြီး အများကြီးချစ်ပေးမှာပါ။

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now