အပိုင်း(၆)

2.2K 178 1
                                    

မနက်ခင်းရဲ့နေရောင်ခြည်နှင့်အပြိုင် တက္ကသိုလ်ကျောင်းကြီးဟာလည်း အရွယ်စုံ၊လူစုံ ကျောင်းသား၊ကျောင်းသူများ၏ လှုပ်ရှားသွားလာမှုများကြောင့် သက်ဝင်စည်ကားလျှက်ရှိနေသည်။

ထိုအထဲတွင် စပို့ရှပ်အင်္ကျီခဲရောင်အပေါ်၌ ချည်သားအင်္ကျီအပြာကွက်လက်ရှည်လေးထပ်ဝတ်ထားသည့်ကောင်လေးက ဂျင်းအပျော့သားဘောင်းဘီရှည်၏အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပြီးရပ်နေပုံမှာ နေရောင်ခြည်အလားတောက်ပနေပါတော့သည်။လည်ပြန်ကြည့်သွားကြသည့်လူများကိုလည်း လက်ဆောင်အနေဖြင့် ပါးချိုင့်ခပ်ရေးရေးလေးတွေပေါ်အောင်ပြုံးပြနေပါသေးသည်။

ထိုကောင်လေး၏ဘေးနားတွင်တော့ မျက်နှာရှုံ့မဲ့ကာဗိုက်ဖိပြီးရပ်နေတဲ့ကောင်လေးနှင့် ဖုန်းကိုသာသည်းကြီးမည်းကြီးကြည့်နေတဲ့ကောင်​လေးတို့ကိုတွေ့ရပါမည်။

ထိုကောင်လေးသုံးယောက်ကျောင်းရှေ့မှာရပ်နေရတဲ့အကြောင်းအရင်းကတော့ တစ်ယောက်သောသူကိုစောင့်နေကြတာပဲဖြစ်သည်။

"ချစ်ရပါသောမောင်ရေ ငါဗိုက်ဆာလွန်းလို့အူပြတ်ပြီးသေတော့မယ်"

ဗိုက်ကလေးဆာတာကို အတိဿယဝုတ္တိလင်္ကာမြောက်အောင်ပြောနေသည့် သူရနိုင် ကို မောင် မျက်စောင်းဖြင့်သာကြည့်လိုက်ပြီး ဂရုမစိုက်သလိုနေလိုက်သည်။

"ကုဋေကုဋာစိုးရေ မင်းရောဗိုက်မဆာဘူးလား"

ဖုန်းကိုသာတစ်ကမ္ဘာလုပ်ပြီးကြည့်နေသည့် ကုဋေစိုး ကလည်းခေါင်းကိုသာခပ်မြန်မြန်ခါပြပါသည်။ဗိုက်ဆာနေတဲ့ သူရနိုင် တစ်ယောက်ပါးစပ်ထဲကလေပူတွေသာမှုတ်ထုတ်လိုက်မိသည်။

"ဟူးး တစ်ယောက်ကလည်းမွှန်နေလို့ဗိုက်မဆာဘူး၊ တစ်ယောက်ကလည်းစာကြီးပေကြီးတွေဖတ်နေတဲ့သုခမိန်ဆိုတော့ဗိုက်ဆာဖို့အချိန်တောင်မရှိရှာဘူး၊ အေးပါ မင်းတို့လိုအလုပ်ကြီးအကိုင်ကြီးလုပ်နေကြတဲ့နှစ်ကောင်နဲ့ပေါင်းမိတဲ့ငါ့အပြစ်တွေချည်းပါပဲ၊ ငါ့အမှား ငါ့အမှား"

ရင်ဘက်ကိုပုတ်ပုတ်ပြီး သံဝေဂရသလိုလေသံဖြင့်ပြောနေတဲ့ သူရနိုင် ရဲ့စကားအဆုံးမှာတော့

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာWhere stories live. Discover now