Extra 1

3K 179 34
                                    

Unicode

"ဟိုဆော့ မင်းဘာလို့ဆော့ဂျင်လာတွေ့တာကိုလက်မခံရတာလဲ"

မှန်တဖက်ခြားကချစ်ရသူ၏မျက်နှာသည် သွေးရောင်မရှိသည့်နှယ်ဖြူစုတ်နေပီး ကွဲအက်နေသည့်ပိန်ချုံးနေသည့် ခန္ဓာကိုယ်..
ထိုအရာတို့ကိုကိုယ်တိုင်မြင်တွေ့နေရသော်လည်း ယွန်းဂီဘာမှမတတ်နိုင်ချေ...

"ကျွန်တော် အကိုဂျင့်ကို ဒီလိုပုံစံမတွေ့စေချင်ဘူး မင်
အကိုကကျွန်တော့ဘ၀ကိုကယ်တင်ပေးခဲ့ပေမဲ့ ကျွန်တော်ကတော့..ကျွန်တော်ကတော့..."

မျက်ရည်စတွေနဲ့နဲ့အတူပြောလာတဲ့ဟိုဆော့ကို ယွန်းဂီထွေးပွေ့ချင်မိသည်..

"ဟိုဆော့ ကိုယ်ပြောတာကိုနားထောင်ပါ ဒီတခါဂျင်မင်းကိုလာတွေ့ရင် လက်ခံတွေ့လိုက်ပါ ဟုတ်ပီလား
ဂျင်က နေပြန်ကောင်းတာမကြာသေးဘူး သူမင်းကိုအရမ်းတွေ့ချင်နေတယ် မင်းလည်းသူ့ကိုတွေ့ချင်နေတယ်မလား"

"ကျွန်တော်အကို့ကိုအရမ်းတွေ့ချင်တာပေါ့ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့တော့မဟုတ်ဖူး
မင် စောင့်နေပါ
ကျွန်တော် အပြစ်ကြွေးတွေအကုန်ဆပ်ပီး မင်နဲ့အကို့ဘေးကိုရောက်အောင်ပြန်လာခဲ့မယ်
စောင့်နေပေးမယ်မလား မင်?"

ယွန်းဂီ ခေါင်းငြိမ့်ပြရင်း...

"မေးစရာလိုသေးလို့လား ဟိုဆော့
ကိုယ်မျှော်နေပါ့မယ် မင်းကိုယ့်စီကိုပြန်လာနိုင်မဲ့နေ့
မင်းရဲ့လက်ကိုပြန်ဆုပ်ကိုင်ခွင့်ရမဲ့နေ့
မင်းကိုထွေးပွေ့ခွင့်ရနိုင်မဲ့နေ့ အဲဒီနေ့ကိုပေါ့"

"ကျေးဇူးတင်ပါတယ် မင်
အရာအားလုံးအတွက်ပါ"

"ကျေးဇူးတင်ပါတယ် ဟိုဆော့
မင်းဆိုတဲ့ဖြစ်လေးမှုလေးရှိနေတာကိုက ကိုယ့်အတွက်အသက်ရှင်သန်ရမဲ့အကြောင်းပြချက် ဖြစ်နေလို့ပါ"

မှန်ခြားထားတဲ့နေရာ တဖက်တချက်စီကချစ်ရသူနှစ်ဦး..
တစ်ဦးနဲ့တစ်ဦးဝေးကွာနေကြသော်လည်း ရင်ခုန်သံချင်းထပ်တူကျလျက်...
.
.
.
.
.
.
.
.
.
.
"ဂျင်"

ဧည့်ခန်းထဲမှာ မှုန်ကုတ်ကုတ်ထိုင်နေတဲ့ချစ်ရသူကို ဂျန်းကုထွေးပွေ့လိုက်တော့ ရုန်းလာတဲ့ချစ်ရသူ..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now