*17*

2.4K 209 18
                                    

Unicode

"ရှင်... ရှင်တို့ကဘယ်သူတွေလဲ"

လက်ပြန်ကြိုးတုပ်ခံထားရတဲ့ ချွဲဆို၀န်းဟာ ကြောက်လန့်တကြားရုန်းကန်နေလေသည်..
သို့သော် အရှေ့ကထိုင်ခုံပေါ်မှာ ခြေထောက်ချိတ်ရင်း ထောင်နေတဲ့လူတယောက်ကြောင့် ချွဲဆို၀န်းတကိုယ်လုံးခဲတောင့်သွားလေသည်...

"ဒါ... ဒါရိုက်တာဂျွန်း"

"မင်းငါ့ကိုတော့မှတ်မိသေးတာပဲ"

ချွဲဆို၀န်းဘေးဘက်ကိုကြည့်လိုက်တော့ အနက်ရောင်အနောက်တိုင်း၀တ်ဆုံကို ၀တ်ထားတဲ့သန်မာတဲ့လူဆယ်ယောက်လောက် ဝန်းရံလျက်...

"မင်း ကိုယ့်အပြစ်ကိုယ်သိမယ်ထင်ပါတယ် ချွဲဆို၀န်း"

"ကျွန်မ..."

"မင်းမထိသင့်တဲ့သူကိုသွားထိလိုက်တာပဲ"

ချွဲဆိုမီရဲ့မျက်နှာဟာ အတော်ပင်ပျက်ယွင်းနေပီး ဂျန်းကုကိုမကြည့်နိုင်တော့ပေ...

"ငါအမုန်းဆုံးအလုပ်က ငါ့ကိုသစ္စာဖောက်တာပဲ
ဒါပေမဲ့ အဲဒါထပ်ပိုမုန်းတာက သူ့ကိုထိခိုက်စေတာပဲ"

'သူ'ဆိုတဲ့အသုံးအနှုန်းမှာ ဆို၀န်းတချက်တုန်သွားမိသည်...

"ကျွန်မ ကျွန်မတောင်းပန်ပါတယ် ဒါ.. ဒါရိုက်တာ ကျွန်မ.."

မင်းက သူ့ကိုရဲ့နှုတ်ခမ်းတွေကိုထိခဲ့တယ် "သူ့ရဲ့လက်တွေကိုထိခဲ့တယ် သူ့ရဲ့ခန္ဓာကိုယ်ကိုမင်းကထိခဲ့တယ်
မင်းကိုတော့ ခွင့်လွှတ်လို့မရနိုင်တော့ဘူးပဲ"

ဂျန်းကု လက်ထဲက ဓာတ်ပုံအထပ်လိုက်ကို ကြမ်းပြင်ပေါ်ကိုပစ်ချပစ်လိုက်လေသည်..

"မင်းရဲ့ဓာတ်ပုံတွေကြည့်လိုက်ပါဦး"

ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ဓာတ်ပုံတချို့..
တနည်းပြောရရင်သူမ တက်သစ်စမော်ဒယ်ဖြစ်စဉ်က သူဌေးကြီးများနှင့်တွဲသွားတွဲလာဓာတ်ပုံများ...

"ဒီပုံတွေပြန့်သွားရင် ဘလိုများဖြစ်မလဲ တကယ်ကိုစိတ်၀င်စားစရာပဲ"

"ဒါ ဒါရိုက်ဂျွန်း အဲ့လိုမလုပ်ပါနဲ့
ကျွန်မတောင်းပန်ပါတယ်...
ဒါရိုက်တာဂျွန်းသိပါတယ် ကျွန်မ ဒါရိုက်တာ့ကိုဘလောက်ချစ်တယ်ဆိုတာ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now