*2*

3.1K 266 32
                                    

'မင်းရဲ့လက်လေးတွေကိုငါ
တသက်လုံးကိုင်ဆုပ်ခွင့်ရှိမလား ချစ်သူ'

Unicode

ဆော့ဂျင် ဒီနေ့ကျောင်းအသစ်ပထမဆုံးစတက်ရမဲ့နေ့...
ခေါင်းတခုလုံးကတော့ထုံးစံအတိုင်းနာလွန်းလွန်းထုံနေလေပီ..
အဓိကတရားခံတွေကတော့ အိမ်ကအိမ်အကူခေါ်အလုပ်သမားတွေ...
သူတို့ရဲ့ပုံမှန်လုပ်နေကြဖြစ်တဲ့ ခေါင်းဖြီးခြင်းလုပ်ငန်းလုပ်ရင်း မကျေနပ်ပုဒ်မတပ်ကာဆော့ဂျင်ရဲ့ခေါင်းပေါ်ကဆံပင်နုနုလေးများကိုဆွဲဆောင့်လေ့ရှိသည်...
တခါတလေဆံပင်တွေကျွတ်သည်အထိပင်... သူတို့ကအလုပ်သမားဆိုပေမဲ့ဆော့ဂျင်ထက်တော့သာပါသည်...
အနည်းဆုံးတော့အမြင်ကတ်တဲ့သူမရှိဘူးပေါ့.... ဆော့ဂျင်ကိုတော့ ဖွားဖွားကြီး အိမ်အကူတွေတင်မကပဲ ပတ်၀န်းကျင်ကသူတွေကပါအမြင်ကတ်ကြသည်...
အရယ်အပြုံးမရှိသည့်သူ့ရဲ့အေးတိအေးစက်မျက်နှာကများအမြင်ကတ်စရာဖြစ်နေခဲ့လေသလား...
ထိုသို့ဖြစ်နေတဲ့မျက်နှာဟာလည်းသူ့ကိုဖယ်ကျင်ထားသည့်ပတ်၀န်းကျင်ကြောင့်ဖြစ်တည်လာသည့်အရာတခုပင်...

"ဟွန့်.. ကြည့်လိုက်ပါဦး.. ပြင်ဆင်ထားတာသားသားနားနား ရုပ်ကတော့မှုန်ကုတ်နေတာပဲ.."

"ဟဲ့ကောင်လေး ငါတို့အကြောင်းပြန်တိုင်ပြောရင်ဘာဖြစ်မယ်ဆိုတာသိတယ်နော်"

ဆော့ဂျင် ခေါင်းကိုသာငြိမ့်ပြလိုက်သည်.. တကယ်တော့ပြန်တိုင်စရာလူလဲမရှိပေ..
ဖွားဖွားကြီးကိုယ်တိုင်ကိုကသိလျက်နဲ့မသိဟန်ပြုထားသည်...
ဆော့ဂျင်ရဲ့မေမေဟာလည်းတနေကုန်အနားမှာမရှိ...
တခါကဆော့ဂျင် မေမေ့ကိုတိုင်ဖူးသည်..
ဒါပေမဲ့အလုပ်များတဲ့မေမေဟာအရေးတယူမမှတ်မိပေ...
ထိုကိစ္စကြောင့် ဆော့ဂျင် တပတ်တိတိထမင်းသိုးဟင်းသိုးများကိုသာစားခဲ့ရသည်.. ငယ်သေးတဲ့ဆော့ဂျင်ဟာ ထိုသူများကိုဘာမှပြန်မတုန့်ပြန်နိုင်ခဲ့ပေ...
.
.
.
.
.
.

"ဟယ် ဟိုမှာကြည့်ပါဦး အဲ့တာKimအိမ်ကသားမလား.. သူ့အမေနဲ့တထေရာတည်းပဲတော့ ရုပ်ကိုကသူများချစ်ခြင်းကိုခွဲမဲ့ရုပ်နဲ့..."

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Hikayelerin yaşadığı yer. Şimdi keşfedin