*27*

2.5K 218 22
                                    

Unicode

လဲကျသွားတဲ့ဆော့ဂျင်ကို ပွေ့ချီရင်း အရေးပေါ်ခန်းစီကိုပွေ့ခေါ်သွားတို့ဂျန်းကုကို ဘယ်ဆရာ၀န် ဘယ်ဆရာမမှတားလို့မရခဲ့ပါဘူး..
သူ့ရဲ့မျက်လုံးတစ်စုံဟာ နာကျင်နေဟန်ပေါ်နေသည့် ဆော့ဂျင်ပေါ်တွင်သာရှိနေပီး ထွေးပွေ့ထားသည့်လက်တစုံဟာလည်း အတန်ငယ်တုန်းရီလို့နေခဲ့သည်...

"ဂျန်းကု ဆရာ၀န်တွေစမ်းသပ်ရဦးမယ်လေ..
မင်းခနလောက်လွှတ်ပေးလိုက်ပါဦး"

ယွန်းဂီပြောမှ ဆော့ဂျင်ကုတင်ပေါ်မှာအသာအယာချကာ ၀မ်းနည်းတကြီးစိုက်ကြည့်နေတဲ့ ဂျန်းကု..
ယွန်းဂီ ဂျန်းကုရဲ့ပုခုံးပေါ်ကိုလက်တဖက်တင်လိုက်ရင်း..

"ဂျန်းကု မင်းအဲ့လောက်စိုးရိမ်‌မနေပါနဲ့
ဆော့ဂျင် သူဘာမှဖြစ်မှာမဟုတ်ပါဘူး..
မင်းလည်းသိသားနဲ့ ဆော့ဂျင်ဘယ်လောက်ထိသန်မာတယ်ဆိုတာ"

ဂျန်းကုက ဝေ့သီနေတဲ့မျက်ရည်တွေကိုထိန်းချုပ်လိုက်ရင်း..

"သူကသန်မာချင်ယောင်ဆောင်နေတာ..
ပီးတော့ သူငါနဲ့ကွာရှင်းမယ်ပြောတယ်..
ငါသူ့ကို ဒုက္ခတွေအများကြီးပေးခဲ့တာတောင် ဘယ်တုန်းကမှဒီစကားမပြောခဲ့ဘူး
ကြည့်ရတာ သူ..သူငါ့ကိုတကယ်စိတ်ပျက်သွားပီထင်တယ်"

ယွန်းဂီလည်း ဂျန်းကုကိုဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိတော့..
ဆော့ဂျင်ဘယ်လောက် ဆုံးဖြတ်ချက်ပြတ်သားတယ်ဆိုတာသူတို့အသိဆုံး..
ကွာရှင်းမယ်ဆိုတဲ့စကား..
အဲ့ဒီစကားကို ဆော့ဂျင်လွယ်လွယ်နဲ့ပြောခဲ့တာမဖြစ်နိုင်ဘူး..

ဆရာ၀န်ကြီးတွေက ဆော့ဂျင်ကို စမ်းသပ်မှုတွေပြုလုပ်ပီးတဲ့နောက် အုပ်ထိန်းသူတွေကို ခေါ်တဲ့အခါ ဂျန်းကုနဲ့ဟိုဆော့ ဆရာ၀န်ကြီးတွေနောက်ကိုလိုက်သွားခဲ့တယ်..

"လူနာက အရမ်းကိုအားနည်းနေပါတယ်..
မကြာသေးခင်က ကိုယ်၀န်ဖျက်ချဖို့အထိတောင်လုပ်ခဲ့တာဆိုတော့
လူနာ့ကျန်းမာရေးက အနည်းငယ်စိုးရိမ်ရပါတယ်"

ဟိုဆော့က သူ့ရဲ့တုန်နေတဲ့လက်နှစ်ဖက်ကိုအသာထိန်းကိုင်ရင်း တုန်တုန်ရီရီဆိုလာလေသည်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now