*7*

2.1K 226 21
                                    

Unicode

"ဂျန်းကု ပြန်ကြရအောင်လေ"

ဂျန်းကုသည် ဂျင့်စီတွင်အာရုံမရပဲတယောက်ယောက်ကို မှော်နေဟန်ပင်..

"ဂျင် မင်းအရင်ပြန်လိုက်တော့
ငါဒီနေ့ ဂျီမင်နဲ့dateလုပ်မလို့"

ဆော့ဂျင်ကိုနာကျင်စေဖို့ ဘယ်လက်နက်မှမလိုပါဘူး ဂျန်းကုဆိုတဲ့ထိုသူရဲ့စကားတခွန်းလောက်နဲ့တင် ဆော့ဂျင်ဟာ နာကျင်ရနေပီးသားပါ...

"အင်း အဲ့တာဆိုငါထယ်ယောင်းနဲ့ပြန်လိုက်မယ်*

ဂျန်းကုရဲ့မျက်၀န်းတွေထဲမှာ မည်သို့ပုံဖော်ရမှန်းမသိသော ပုံရိပ်တချို့တို့ဖြတ်ပြေးသွားလေသည်...
သို့သော် ထိုအရာသည်မကြာရှည်လိုက်ပါ...

"ဂျန်းကု သွားမယ်လေ"

ဂျီမင် ရောက်လာပီး ဂျန်းကုထိုသူနဲ့ပါသွားလေသည်..
ဆော့ဂျင်ကတော့ ဂျီမင့်ကိုမမြင်ချင်ပါ...
ဆော့ဂျင်လိုချင်တဲ့အရာမှန်သမျှကိုသူရနေလို့ မနာလိုတယ်ထင်ရင်လည်းထင်ပါ‌စေ...
ဆော့ဂျင်သိတာ ပတ်ဂျီမင်ကိုမြင်လိုက်တဲ့အခါတိုင်းအရာအားလုံး
ပျော်ဆုံးသွားသလိုခံစားချက်သာ...

"ဆော့ဂျင် မိုးရွာတော့မယ်ထင်တယ် ငါနဲ့အတူတူပြန်မယ်လေ"

ဆော့ဂျင် ညို့တက်လာတဲ့မိုးသားတိမ်တိုက်တို့ကို ငေးကြည့်နေမိသည်..ဆော့ဂျင် ထယ်ယောင်းနဲ့အတူ မပြန်ဖြစ်ပါ...
သူဂျန်းကုကိုစောင့်နေချင်သေးသည်...
အကယ်၍ သူ့စီကိုပြန်လာမလားဆိုတဲ့စိတ်နဲ့ပေါ့...
.
.
.
.
.
.
.
"ဂျန်းကု ဒါလေးစားကြည့်ဘလိုလဲ"

"အင်း ကောင်းတယ်"

မိမိရှေ့မှာပြုံးရီနေတဲ့ဂျီမင်ဟာ တကယ်ကိုချောမောလှပပါပေသည်...
ဒါပေမဲ့ထိုသူ့ရဲ့အပြုံးတွေထပ် ဆော့ဂျင်ရဲ့အသက်မဲ့တဲ့အကြည့်တွေဟာ ဂျန်းကုရဲ့စိတ်ထဲမှာပိုပီးနေရာယူထားလေသည်...
ဂျီမင်နဲ့အတူရှိရတာပျော်ပါသော်လည်း ဆော့ဂျင်ကိုသတိရနေမိသည်...

"ဂျန်းကု ဒါလေးလှတယ်နော်"

Shopping mallထဲက ပန်းရောင်နာရီလေးကိုလက်ညိုးထိုးပြနေတဲ့ဂျီမင်ကြောင့် ဂျန်းကုထိုနာရီလေးကို၀ယ်ပီးလက်ဆောင်ပေးလိုက်ပါသည်...
ဒါပေမဲ့ ဆော့ဂျင်အတွက်ပါ အပိုတလုံးထပ်၀ယ်ခဲ့လိုက်သည်...

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Onde histórias criam vida. Descubra agora