*5*

2.2K 234 24
                                    

Unicode

"ဟိတ်ရောင် ယွန်းဂီ.. မင်းသူငယ်ချင်းဟိုသုံးကောင်ရန်ဖြစ်ပြန်ပီတဲ့!!"

ယွန်းဂီ အိပ်ပျော်နေရာကနေ တောက်တချက်ခေါက်လိုက်ရင်း အမြန်ပင်ထိုနေရာသိုပြေးရပါသည်...

"ဒီကောင်တွေကတော့ကွာ"

ကျောင်းရဲ့လူဆိုးလူမိုက်ဂုဏ်ပုဒ်ကိုရထားသည့်မင်ယွန်းဂီဆိုသည့်သူ့ထက် ကျောင်းရဲ့King Jeon jungkookရန်ဖြစ်သည်ကပိုများပါသည်... ထို့အတူအမြဲကြင်နာတတ်သောကမ်ထယ်ယောင်းသည်လည်း ရန်ဖြစ်တတ်လာသည်... အကြောင်းပြချက်ကတော့ကမ်ဆော့ဂျင်ကြောင့်ပင်... အသက်ကြီးပြင်းလာသည်နှင့်အမျှ ယောက်ျားလေးတယောက်အားမသုံးနှုန်းအပ်သည့် လှအသည်ဆိုသည့်စကားဟာ ကမ်ဆော့ဂျင်အတွက်သီးသန့်ဖြစ်သည်လာခဲ့သည်... ကျောင်းမှာရှိသမျှ ယောက်ျားလေးအတော်များများကပါ စိတ်၀င်စားလာသည်အထိပင်... သိုသော် ကမ်ဆော့ဂျင်ဟာမိန်းကလေးဆန်လွန်နေခြင်းမဟုတ်ပါ... ထို့အတူသူဟာမိန်းကလေးတွေစီမှာလည်းနာမည်ကြီးလှသည်.. မိန်းကလေးတွေကတောင်သူ့အလှကိုမနာလိုကြသည်... ထိုကြောင့်ပင်ဂျွန်းဂျန်းကုနှင့်ကမ်ထယ်ယောင်းတို့နှစ်ယောက်ဟာ ပန်းပွင့်ကိုစောင့်ရှောက်နေတဲ့ဘီလူးတွေလို
အမြဲရန်ဖြစ်ဖို့ကိုသာရွေးချယ်နိုင်တော့သည်... အကြောင်းအရင်းဖြစ်သည့်ကမ်ဆော့ဂျင်ကတော့ သူတို့ရန်ဖြစ်နေသည်ကို ပီကေလေးဝါးရင်း အသက်မပါသည့်မျက်၀န်းများဖြင့် အေးအေးလူလူထိုင်ကြည့်နေသည်ကများသည်... သို့သော် ဂျွန်းဂျန်းကုရဲ့ဆံတစကိုပင်ထိရဲသူမှန်သမျှဆော့ဂျင်ရဲ့ ပြင်းထန်တဲ့လက်စားချေမှုများကိုကြုံတွေ့ရလေ့ရှိသည်... ထိုမျှလောက်ပင် ဆော့ဂျင်ဟာလှပသလောက်ကြောက်စရာကောင်းပေသည်..
.
.
.
.
.
.
.
.
"အေး ကောင်းတယ် နောက်တခါရန်မဖြစ်တတ်ပဲနဲ့ ရန်ဖြစ်ကြဦး ခံရတာနည်းတောင်နည်းသေးတယ်"

ဆေးထည့်ပေးရင်းပွပွစိပွစိပြောနေသည့် မင်ယွန်းဂီဟာတကယ်ကိုအဖိုးကြီးပေါက်စပင်.. ထယ်ယောင်းကတော့သူမဟုတ်သည့်အတိုင်း မျက်နှာပေါ်ကဒဏ်ရာလေးတွေကိုအသာပွတ်ရင်း နူးညံ့စွာပြုံးပြနေသည်...

"နောက်တခါရန်ဖြစ်မယ်ဆို ငါ့ကိုအရင်ခေါ်ကြားလား!!"

တကယ်တော့ မင်ယွန်းဂီဟာ တခါတလေပွစိပွစိပြောပီး တခါတလေမှာအေးတိအေးစက်ဖြစ်နေတတ်ပေမဲ့ တကယ်တော့နွေးထွေးပီး ကာကွယ်ပေးတတ်သည့်သူမျိုးပင်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now