*14*

2.4K 221 27
                                    

Unicode

"Boss အကိုလေးဂျန်းကု
ဒီတခေါက် မော်ဒယ်အသစ်လေးနဲ့ တွဲနေတယ်လို့သိရပါတယ်"

ငါးနှစ်...
ငါးနှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ဆော့ဂျင်ဒီလိုသတင်းတွေကို နားနဲ့မဆန့်အောင်ကြားခဲ့ရသည်..
သို့သော် ဆော့ဂျင်ထိုသူ့ကိုလွယ်လွယ်နဲ့လက်လွှတ်ပေးမည် မဟုတ်ပေ...

"သူ့ကို ရုံးခန်းထဲမှာ ချိန်းလိုက်"

"ဟုတ်ကဲ့ boss"

ဆော့ဂျင် လက်ထဲကဝိုင်ခွက်ကိုငေးကြည့်နေမိသည်..
အချိန်တွေကုန်ဆုံးတာအရမ်းကိုလျင်မြန်လှသည်..
သူထယ်ယောင်းကို ပေးခဲ့သည့်ကတိအတိုင်း မူးယစ်ဆေးကိုဖြတ်ခဲ့သည်..
လွယ်ကူလှသည်မဟုတ်သော်ငြားလည်း သူ့ကတိကိုတော့ကျိန်းသေပေါက်တည်ပေးခဲ့သည်..
ပီးတော့ ပတ်ဂျီမင်...
သူ့ရဲ့သတင်းတွေကိုအမြဲကြားနေရသော်လည်းပဲ ဆော့ဂျင်ထပ်ဒုက္ခပေးရန်အစီအစဉ်မရှိတော့...
သို့သော် ထိုကတိသည် ဂျန်းကုနားကို ပတ်ဂျီမင် ပြန်ရောက်လာသည့်အခါ ပျက်ပြယ်သွားပေလိမ့်မည်...
.
.
.
.
.
.
.
.
.
"Boss သူရောက်လာပါပီ"

မန်နေဂျာနဲ့အတူ အနောက်ကကပ်ပါလာတဲ့ကောင်မလေးဟာ တခြားသော ဂျန်းကုတွဲခဲ့တဲ့မိန်းကလေးတွေနဲ့စာရင် အလွန်ယဉ်လွန်းလှသည်..

"ထိုင်‌ပါဦး"

ထိုမိန်းကလေးကြည့်ရတာတော့အတော် တုန်လှုပ်နေပုံပင်..
တိုင်းသိပြည်သိလက်ထပ်ကြောင်းကြေညာထားတဲ့
ဒါရိုက်တာ ဂျွန်းဂျန်းကုနဲ့ RJ CEO ကမ်ဆော့ဂျင်အကြောင်း မသိတဲ့သူမရှိပေ...

"မင်းရဲ့နာမည်က...

"ချွဲဆို၀န်းပါ"

"ချွဲဆို၀န်း.."

ဆော့ဂျင် ထိုန်းကလေးရဲ့ နာမည်ကိုအသာရွတ်လိုက်သည်..
မန်နေဂျာက စားပွဲပေါ်ကို အိတ်အနက်‌ရောင်ကိုတခုတင်ကာ ချွဲဆို၀န်းရှေ့မှာပင်ဖွင့်ပြလိုက်လေသည်..

"ဒါ.. ဒါတွေက!!"

ထိုအိတ်ထဲကအရာတွေကတော့ သာမန်‌သူတွေမမြင်ဖူးနိုင်သည့် ငွေပမာဏပင်...

"အကယ်၍ မင်း ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူကို လမ်းခွဲလိုက်မယ်ဆိုရင် မင်းဒါတွေကိုပိုင်ပီပဲ"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now