*26*

2.2K 223 57
                                    

Unicode

ခွဲစိတ်ခန်းရဲ့အလင်းရောင်မှန်ပြပြအလယ်က ဆေးရုံကုတင်ပေါ်မှာ ဆော့ဂျင် ပုံမှန်အတိုင်းအသက်မဲ့စွာလှဲနေမိသည်..

"လူနာ မေ့ဆေးစထိုးပါတော့မယ်"

ဆော့ဂျင် ခေါင်းငြိမ့်ပြလိုက်သည်
ဆရာ၀န်က လက်ထဲကဆေးထိုးအပ်ကို ဆော့ဂျင်လက်မောင်းအတွင်းသို့မသွင်းခင်..

"လူနာ့အရေးကိစ္စကို ကျွန်တော်နားမလည်ပါဘူး
ဒါပေမဲ့ လူနာသေချာစဉ်းစားပါ
ဆုံးဖြတ်ချက်ချပီးမှ နောင်တရမှာမျိုးမဖြစ်ပါစေနဲ့"

ဆော့ဂျင်ဘာမှပြန်မဖြေမိ..
ဒီဆုံးဖြတ်ချက်ကိုချလိုက်လို့ နောက်မှနောင်တရမိမလားမသိပေမဲ့
ဒီဆုံးဖြတ်ချက်ကိုမချမိရင်တော့ သေချာပေါက် နောင်တရမှာ ဆော့ဂျင်သိသည်..
ဒီကလေး..
ဒီဗိုက်ထဲက ဂျန်းကုနဲ့သူ့ရဲ့သွေး...
ဂရုဏာသက်မိသလိုဖြစ်မိပေမဲ့ ဒီဆုံးဖြတ်ချက်က ကလေးအတွက်လည်းအဆင်ပြေစေလိမ့်မည်..

ဂျန်းကုသူ့ကိုမုန်းနေတာ ဆော့ဂျင်သိသည်..
သူ့ရဲ့ကလေးကိုရော သူ့ကိုမုန်းနေတဲ့ဂျန်းကုက ခက်ခံပေးနိုင်ပါ့မလား..
သူ(ဆော့ဂျင်)ကရော ဒီကလေးကိုအပြည့်အ၀ချစ်ပေးနိုင်ပါ့မလား?
ဘယ်သူ့စီကမှအချစ်ကို အပြည့်အ၀မရဖူးတဲ့ သူ(ဆော့ဂျင်)က ‌ကလေးအပေါ်မိဘကောင်းတစ်ယောက်ဖြစ်လာနိုင်ပါ့မလား..

အချစ်မခံရတဲ့ကလေးတယောက်ရဲ့ခံစားချက် မိဘချင်းအဆင်မပြေတဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်ကို သူ(ဆော့ဂျင်)အသိဆုံးပင်..
သူကိုယ်တိုင်သိနေတဲ့နာကျင်မှုကို ဒီကလေးကိုခံစားခွင့်ပြုဖို့သင့်ပါမလား

အထူးသဖြင့် ဒီကလေးမွေးပီးနောက်ပိုင်းမှာ ဒီကလေးကသူ့ရဲ့အားနည်းချက်ဖြစ်လာခဲ့ရင်ရော..
သူဘယ်တုန်းကမှအားနည်းချက်ဆိုတာမရှိအောင်နေထိုင်ခဲ့တာ..
နောက်တုံးဂျန်းကုဆိုတဲ့ သူချစ်ရတဲ့သူကိုတောင် သူ့ရဲ့အားနည်းချက်တခုမဖြစ်အောင်လုပ်ခဲ့တာ...
ဒီအကောင်အထည်မပေါ်သေးတဲ့အစိုင်အခဲ သက်ရှိသေးသေးလေး
သူ့အပေါ်မှာ ဒီထပ်ပိုပီး ဂရုဏာမထားမိခင် သူ့(ဆော့ဂျင်)ရဲ့အားနည်းချက်မဖြစ်သေးခင် သူဒီအရာကိုဖျက်ဆီးပစ်ရလိမ့်မယ်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now