*10*

2.2K 194 17
                                    

Unicode

"ကိုင် မင်းပြောထားတဲ့ဆေးတွေမရောက်သေးဘူးလား"

"မင်းကလည်းကွာ
လကုန်ရင်ရောက်တော့မှာပါ အခုတော့ဒါပဲသုံးထားဦး"

Toiletထဲမှာပြောနေတဲ့စကားသံတွေကို ဆော့ဂျင်ကြားရသော်လည်း မကြားချင်ဟန်ပင်ဆောင်ထားလိုက်သည်...

"အဟက်* ဘယ်သူလဲမှတ်တယ် ကိုယ့်အလှလေးပါလား"

မထိတထိလာလုပ်နေတဲ့ ကိုင့်ရဲ့လက်ကို ဆော့ဂျင် နောက်ပြန်လိမ်ချိုးလိုက်သည်...

"အားးး နာတယ် လွှတ်ဦး အ!"

"မနာချင်ရင် ငါ့အသားကိုလာမထိနဲ့"

ဆော့ဂျင် ကိုင်ရဲ့လက်ကိုလွှတ်ပေးလိုက်ပီး သူ့ရဲ့လက်ကိုရေတွေဆပ်ပြာတွေ အများကြီးသုံးပီးပြန်ဆေးချပစ်လိုက်သည်...

"အလှလေးကစိတ်ကြီးလိုက်တာ"

ဆော့ဂျင် အပြင်ကိုထွက်ဖို့လုပ်ပေမဲ့ ကိုင်ကအရှေ့ကပိတ်ထားလေသည်...

"မင်းအသက်မရှင်ချင်တော့ဘူးထင်တယ်"

ဆော့ဂျင်ရဲ့အကြည့်တွေဟာ တကယ်ကိုကြောက်ဖို့ကောင်းလှပါသည်..
ကိုင် လမ်းကိုအသာဖယ်ပေးလိုက်ရင်း...

"မင်းရော ဒီဆေးလေးစမ်းမသုံးချင်ဘူးလား"

ကိုင် သူ့လက်ထဲက ဆေးအဖြူရောင်အထုပ်လေးကို လှုပ်ပြကာပြောလိုက်လေသည်...

"မလိုဘူး"

ဆော့ဂျင် အပြင်ထွက်ဖို့ကြီးစားပေအဲ့ ကိုင့်ရဲ့စကားတချို့ကြောင့် ဆော့ဂျင် ခြေလှမ်းတွေရပ်တန့်သွားလေသည်...

"မင်းနဲ့ ပတ်ဂျီမင်ပြောနေတာတွေကိုငါကြားခဲ့တယ်
လှေကားထိပ်မှာလေ.."

ကိုင်က ဆော့ဂျင်လက်ထဲကို ထိုဆေးထုပ်ထည့်ပေးလိုက်ရင်း...

"မင်းလိုတဲ့အချိန်သုံးပေါ့
မင်း အဲဒီဂျွန်းဂျန်းကုဆိုတဲ့ကောင်စီကနေ လွတ်မြောက်နိုင်လိမ့်မယ်..
မင်းက ငါ့ရဲ့အချစ်လေးမို့လို့ ငါမင်းကိုပေးတာ..
အခုကတော်တော်ရှား‌နေပီလေ သိတယ်မလား..
ကြိုတော့ပြောထားရဦးမယ် ဆေးကစွဲတယ်နော်.."

ကိုင်ထွက်သွားပီသည်အထိ ဆော့ဂျင် လက်ထဲကဆေးထုပ်ကိုသာစိုက်ကြည့်နေမိသည်...

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now