*13*

2.3K 210 32
                                    

Unicode

ဂျန်းကု အိပ်ရာကနေနိုးနိုးရင် နာရီကိုကြည့်မိလိုက်တော့ အတော်ပင်လန့်သွားမိသည်...
မနေ့က အမေဖြစ်သူနဲ့အကြာကြီးခွဲရမှာဖြစ်လို့ အမေချက်ကျွေးတဲ့ညစာကို ဂျန်းကုအားရပါးရစားခဲ့မိသည်...
သို့သော်မထင်ထားမိသည်က ဂျန်းကုအတော်ကိုအိပ်မောကျသွားခြင်းပင်...
အခုချိန် ဂျီမင် ဘာဖြစ်နေမလဲ ဂျန်းကုစိတ်ပူလှပါသည်...
ဂျန်းကု ဖုန်းကိုအမြန်ယူပီး ဖုန်းခေါ်ကြည့်သော်လည်း လူကြီးမင်နှင့်သာတိုးနေလေသည်...

"သား နိုးလာပီလား"

အခန်းတံခါးကိုဖွင့်လာတဲ့ အမေဖြစ်သူကိုကြည့်ရင်း...

"မေမေ မနေ့ညစာထဲမှာ ဘာထည့်ချက်ထားတာလဲ"

အမေဖြစ်သူကတော့ဘာမှမသိပုံပင်...

"ဘာဖြစ်လို့လဲသား
ဂျင်လေးပေးသွားတဲ့ အမဲသားဟင်းရည် သားကြိုက်လို့အမေကျွေးတယ်လေ"

ဂျန်းကုသိလိုက်ပါပီ..
အခုအရာအားလုံးဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုပေါ့...
အခုချိန်မှာ ဂျန်းကုစိတ်ထဲမှာ စိုးရိမ်သည်ကတခုတည်းသာ မနေ့ကမှောင်ကြီးထဲ ဂျီမင်တယောက်တည်း အဆင်မှပြေပါရဲ့လား....
.
.
.
.
.
.
.
.
ဂျီမင် အားသုံးပီး ထကြည့်သော်လည်း လုံး၀မရ..
ခြေထောက်ထောက်မရအောင်ကိုပင် အခက်တွေ့နေလေသည်..
သို့သော် အခန်းရှေ့မှာ ရှိသည့် ကမ်ထယ်ယောင်းကိုလည်းအကူအညီမတောင်းနိုင်...

*ဘုန်း!*

ဂျီမင် အံကြိတ်ပီးထလိုက်ရင်းက ရုတ်တရတ်လဲကျသွားခြင်းပင်...
ထိုအသံကြောင့် ပင် ထယ်ယောင်းလည်း အခန်းထဲကိုပြေး၀င်လာလေသည်..

"ဘာဖြစ်တာလဲ"

"မင်းနဲ့မဆိုင်ဘူး"

ထယ်ယောင်း ဂျီမင့်ကို ပွေ့ချီလိုက်တော့ ဂျီမင် အလန့်တကြားနဲ့ ထယ်ယောင်းရဲ့ ဂုတ်ကိုဖတ်တွယ်လိုက်မိလေသည်...

"ခွေးကောင် ငါ့ကိုလွှတ်စမ်း!!"

ထယ်ယောင်းကတော့ မကြားချင်ယောင်ဆောင်ပီး ဂျီမင့်ကိုရေချိုးခန်းထဲထိလိုက်ပို့ပေးလိုက်လေသည်...

*Ring *Ring*

ဂျီမင် ရေချိုးခန်းထဲ၀င်နေတုန်း ဖုန်းသံကြောင့် ထယ်ယောင်းဖုန်းကိုအမြန်ကိုင်လိုက်လေသည်...

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now