*18*

2.3K 228 23
                                    

Unicode

'ဒီနေ့မနက်ခင်းရဲ့ breaking newsကတော့ သရုပ်ဆောင် မော်ဒယ် ချွဲဆို၀န်း ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုပဲဖြစ်ပါတယ်
သူမဟာ နာမည်ပျက်တွေနဲ့အတူပျောက်ကွယ်နေသူတယောက်ဖြစ်ပီး သေဆုံးချိန်မှာ ဘယ်ဘက်ပါးပေါ်က အမာရွတ်တခုကို တွေ့ရှိရတာဖြစ်ပါတယ်....'

ဂျန်းကု သတင်းကိုအမြန်ပိတ်လိုက်သည်...
ဧကန္တ ဆော့ဂျင်များဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ဟာလည်းထိန်းမရနိုင်...
တကယ်လို့ ဆော့ဂျင်လုပ်ခဲ့တာဆိုရင်ရော...
သူမဖြစ်စေချင်တဲ့ မကောင်းဆိုးဝါးဆိုတဲ့အရာကို ‌သူ့အတွက်ကြောင့်နဲ့ ဆော့ဂျင်ဖြစ်သွားခဲ့လေပီလား...

ဂျန်းကု ဆော့ဂျင်ကိုစီကိုအမြန်ဖုန်းဆက်လိုက်သည်..
သို့သော် အစည်းအဝေးလုပ်နေသည်ထင် တော်တော်နှင့်မကိုင်ပေ...

*တီးတောင်*

ထိုစဉ်ခြံတံခါးလူခေါ်ဘဲလ်စီကို ဂျန်းကုအာရုံရောက်သွားမိသည်...
အိမ်မှာအလုပ်လုပ်တဲ့ အဒေါ်ကြီးရွာကိုခနပြန်သွားကတည်းက ဒီအိမ်လုံး ဆော့ဂျင်နှင့်ဂျန်းကုနှစ်ယောက်သာကျန်ရှိတော့တာပင်...
ဒီတော့ ဂျန်းကုကိုယ်တိုင်ပဲ ခြံတံခါးဆင်းဖွင့်လိုက်သည်...

"သား~ ဂျန်းကု နေကောင်းရဲ့လား"

အိမ်ထဲရောက်လာတဲ့ ဆော့ဂျင်အမေရဲ့အမေးစကားကို ဂျန်းကုဘာမှပြန်မဖြေပေ..
ဂျန်းကု မီးဖိုချောင်ထဲ၀င်သွားပီး အချိုရည်တခွက်နဲ့အတူ ပြန်ထွက်လာသည်...
ဆော့ဂျင်ရဲ့အမေဟာ ဂျန်းကုရဲ့လက်ကို အသာလှမ်းဆွဲလိုက်ရင်း..

"သား အန်တီတောင်းပန်ပါတယ်..
တကယ်ကိုတောင်းပန်ပါတယ်"

ဂျန်းကု သူမရဲ့လက်ကိုခါချလိုက်သည်..

"ရပါတယ်.. ပီးတာတွေလဲပီးသွာပီပဲ"

ပါးစပ်ကပြောနေသော်လည်း ဂျန်းကုစိတ်ထဲမှာခွင့်မလွှတ်နိုင်သေးပါ..

"အန်တီ မျက်နှာပြောင်စွာနဲ့ တခုလောက်ပဲထပ်တောင်းဆိုပါရစေ
သားလေး ဆော့ဂျင်အပေါ်မှာ ဂရုစိုက်ပေးပါ ကောင်းပေးပါ
ဒီကလေးက အမြဲသူ့ကိုယ်ကိုဖုံးကွယ်တတ်လွန်းတယ်"

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now