*22*

2.2K 193 20
                                    

Unicode

ထယ်ယောင်း ဂျီမင့်ကိုပွေ့ချီရင်း အပြင်ထွက်လာတုန်းမှာကြားလိုက်တဲ့အသံကြောင့် ဂျီမင် ထယ်ယောင်းကိုသိုင်းဖက်ထားတဲ့လက်တွေ တင်းကြပ်မိသွားသည်..
ထယ်ယောင်းသည်လည်း တဖက်သို့စောင်းကာ ဂျီမင့်မျက်နှာကိုမမြင်ရအောင် သူ့ရဲ့ကိုယ်နဲ့ကွယ်ပေးထားလိုက်သည်..
သို့သော်...

"ကမ်ထယ်ယောင်း ပတ်ဂျီမင် မင်းတို့နှစ်ယောက်ဘယ်လိုဖြစ်တာလဲ?!"

ရင်းနှီးနေတဲ့အသံကြောင့် နောက်ကိုလှည့်ကြည့်မိတော့ အနက်ရောင်၀တ်စုံပြည့်၀တ်ထားသည့် အဖြူရောင်မင်ယွန်းဂီ..
တကယ်ဆို ယွန်းဂီ ‌ထယ်ယောင်းကိုဒေါသထွက်လွန်းလို့ လူရှေ့ဆွဲထိုးမိမလိုဖြစ်ခဲ့ရသည်..ဒါကလည်း ဘာမပြောညာမပြောပျောက်သွားခြင်းကြောင့်ပင်...
ငါးနှစ်တိတိ သူ့ကိုအဆက်အသွယ်မလုပ်ပေ...
သူပထမဆုံးရခဲ့တဲ့ သူငယ်ချင်းက သူ့ကိုငါးနှစ်တိတိအဆက်သွယ်ဖြတ်ထားသည်ဆိုတာက မင်ယွန်းဂီအတွက် သိပ်ကိုရီစရာကောင်းလှပေသည်..
ယွန်းဂီ အပြင်ဘက်မှာ လေညှင်းခံပီးပြန်အလာ သန့်စင်ခန်းရှေ့က မြင်လိုက်ရတဲ့လူနှစ်ယောက်ကြောင့် အကြောတွေပင်ထောင်မိတော့မလိုဖြစ်သွားသည်...

"အကိုယွန်းဂီ"

ထယ်ယောင်းရဲ့အသံက အခုမုစိတ်အေးသွားသလိုပင်..
သို့သော် စိတ်မအေးနိုင်သည်က ယွန်းဂီ..
ထယ်ယောင်းလက်ပေါ်က ဖြူဖျော့နေသည့်ဂျီမင့်ကိုမြင်သည်နှင့် ဆရာ၀န်တယောက်ရဲ့မသိစိတ်အရ အနားကိုရောက်ပီးသားပင်...

"သူဘယ်လိုဖြစ်တာလဲ ဧကန္တမင်း..."

ထယ်ယောင်းကို စွပ်စွဲမိတော့မည့် မိမိပါးစပ်ကို ယွန်းဂီအမြန်ပင်ပိတ်လိုက်သည်...
သူသိသည် ထယ်ယောင်းဆိုတဲ့အဲဒီခွေးကောင်က ကမ်ဆော့ဂျင်ကလွဲပီး ဘယ်သူ့ကိုမှသဘောကျနိုင်မှာမဟုတ်ဘူးဆိုတာကို...

"မင်းကို ဒီလိုလုပ်တဲ့သူဘယ်မှာလဲ ဂျီမင်!!?"

တကယ်တော့ ဂျီမင်နှင့်ယွန်းဂီ သိပ်ခင်လှသည်မဟုတ်ပါ..
သို့သော် လူတယောက်လုံးကို ဒီလိုဖြစ်အောင်လုပ်ထားသည့် ထိုလူယုတ်မာကို ယွန်းဂီအပိုင်းပိုင်းအစစဆွဲဖြတ်ချင်စိတ်ပင်ပေါက်မိသည်...

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now