*34*

2.2K 215 59
                                    

Unicode

ဟိုဆော့ ဂိုထောင်ကိုရောက်သွားတဲ့အချိန်မှာ နေ၀င်လုဆဲဆဲပင်ဖြစ်နေလေပီ..
ဂိုထောင် ပတ်ပတ်လည်မှာ အနက်ရောင် ၀တ်စုံနဲ့လူတချို့ကင်းလှည့်နေကြပီး သူတို့လက်ထဲမှာလည်း တုတ်တွေ ဓားတွေကိုပါကိုင်‌ဆောင်ထားလေသည်..
ဟိုဆော့ လက်ထဲက သေနတ်ကိုအသင့်မောင်းချိန်ထားလိုက်ပီး ကိုယ်ကို အတတ်နိုင်ဆုံးကိုင်ညွှန့်ကာ ထိုဂိုထောင်နားကိုတိုးကပ်သွားလိုက်သည်...

"မင်း ဘယ်သူလဲ!"

*ခွပ်!!*

ဟိုဆော့ ထိုလူ့လက်ကို ကန်လိုက်ခြင်းပင်..
ထိုကန်ချက်ကြောင့် ထိုလူ့လက်ထဲကတုတ်အောက်ကို ပြုတ်ကျသွားလေသည်...

*ဒုတ်!!*

ဟိုဆော့ ထိုဒုတ်ကိုအလျင်အမြန်ကောက်ပီးနောက် ထိုလူ့ရဲ့ဦးခေါင်းထက်တည့်တည့်ကို အားပြင်းပြင်းနဲ့ရိုက်ချပစ်လိုက်သည်..
ပန်းထွက်လာတဲ့ သွေးစတွေ ဟိုဆော့မျက်နှာပေါ်ကိုပင် စင်လာလေသည်..

"ဒီဘက်မှာ အပြင်လူရောက်နေတယ် လိုက်ကြ!!!"

ဟိုဆော့ရောက်နေသည်ကို သတိထားမိသွားပုံပင် ကင်းလှည့်နေသူအားလုံး ဟိုဆော့ဘေးကို၀န်းရံလာကြပီး တယောက်ပီးတယောက် ဟိုဆော့စီကို လက်နက်မျိုးစုံနဲ့တိုက်ခိုက်လာကြလေသည်..

*ခွပ်!!*

ဟိုဆော့ သူ့စီကိုပြေးလာတဲ့ လူအုပ်ကြီးထဲက ထိပ်ဆုံးခပ်၀၏တယောက်ကို လဲကျသွားအောင် ကန်ချလိုက်သည်..
ထိုလူမြေပြင်ပေါ်ကို လဲကျသွားတဲ့အပြင် အနောက်ကလူတချို့ကိုပါ ပိကျကာလဲသွားစေသည်..
ဟိုဆော့ တခြားတဖက်က သူ့စီကိုဓားနဲ့ပြေး၀င်လာတဲ့လူရဲ့လက်ကောက်၀တ်ကို လိမ်ချိုးပစ်လိုက်ရင်း ကျန်လက်တဖက်နဲ့ အသင့်ပြင်ထားတဲ့သေနတ်ကိုယူကာ နောက်ထပ်သူ့စီကိုပြေးလာတဲ့ တုတ်ကိုင်ထားတဲ့လူရဲ့ခြေထောက်ကိုပစ်လိုက်လေသည်..

*ဒိုင်း!!*

"အားး!!"

ဟိုဆော့ လက်ကိုလိမ်ချိုးထားတဲ့လူကို လူအုပ်ကြီးစီကိုတွန်းပစ်လိုက်ပီး အဆောက်အအုံထဲကိုအမ်ြန်ပြေး၀င်လာခဲ့လိုက်သည်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now