*33*

2K 183 24
                                    

Unicode

'သားတို့ပါးပါးကိုမလိုချင်တော့ဘူး
ပါးပါးက မကောင်းဆိုးဝါးပဲ
သားတို့ ပါးပါးကိုမုန်းတယ်'

'ဟင့်အင်
မသွားပါနဲ့!!'

အမှောင်ထဲက ကလေးနှစ်ယောက်..
တစ်ယောက်က အပြာရောင်ကို၀တ်ဆငါထားပီး နောက်တယောက်ကတော့ ပန်းရောင်၀တ်စုံ၀တ်ဆင်ထားလေသည်..
ထိုကလေးနှစ်ယောက်က တဖြေးဖြေး သူ့ကိုကျောပေးကာ ထွက်ခွာသွားကြသော်လည်း သူ့ရဲ့ခြေထောက်တွေကို ကြွ၍ပင်မရချေ..
သူထိုကလေးတွေစီကိုပြေးလိုက်ချင်သည်..
သို့သော် သူစင်စစ်တွင် ထိုနေရာကနေမရွေ့...

"ဂျင်!! ဂျင်!! ကမ်ဆော့ဂျင်!!"

ဆော့ဂျင် ဂျန်းကုရဲ့အော်သံကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ စိုးရိမ်တကြီးစိုက်ကြည့်နေတဲ့ ချစ်ရသူ...
မင်ယွန်းဂီ..ကမ်ထယ်ယောင်း...ဂျန်းဟိုဆော့

"ကလေး..ငါတို့‌ရဲ့ ကလေးရော?"

အပ်ရှရှအသံနဲ့မေးလာတဲ့ ဆော့ဂျင်ရဲ့အသံအဆုံးမှာ
အကုန်လုံးရဲ့မျက်နှာတွေပျက်ကုန်သည်..

"ကိုယ်တို့ရဲ့ ကလေးက...."

ဂျန်းကု ဘယ်လိုပြောရမလဲမသိပေ..
ဆော့ဂျင်ရဲ့ ‌နောက်ကျောကိုပုတ်ပေးရင်း...

"အခြေအနေအတိအကျမသိရသေးဘူး ဂျင်
ဆရာ၀န်တွေက အခု အာထရာဆောင်းအဖြေကြည့်နေကြတယ်
သူတို့ပြောတာက အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာရင် က‌လေးကိုကယ်လို့မရ...."

ဆော့ဂျင် ဂျန်းကုစကားကိုနားထောင်ကာဗိုက်ကိုအသာဖိရင်း..

"ကလေး‌ကိုကယ်ရမယ်..
ဂျန်းကု ဘာတွေပဲဖြစ်လာဖြစ်လာ ကလေးကိုကယ်မယ်လို့ ငါ့ကိုဂတိပေးပါ"

ဂျန်းကု တုန်နေတဲ့ဆော့ဂျင် လက်တွေကိုဆုပ်ကိုင်ရင်း..

"ကိုယ်ကတိပေးပါတယ်
ဘာမှမစိုးရိမ်ပါနဲ့"

*ဒေါက် ဒေါက်*

တံခါးခေါက်သံနဲ့အတူ အဖြူရောင်ဂျူတီဂုတ်ကို၀တ်ဆင်ထားတဲ့ ဆရာ၀န်တချို့၀င်လာလေသည်..

"အာထရာဆောင်း အဖြေထွက်လာပါပီ"

ဆရာ၀န်တွေရဲ့မျက်နှာဟာ သိပ်မကောင်းပေ..
ယွန်းဂီက သူ့အသိဆရာ၀န်ပါနေပုံပင် ထိုဆရာ၀န်စီကိုတိုးတိုးလေးကပ်မေးလိုက်သည်...
ထိုဆရာ၀န့်စီကအဖြေကိုကြားပီးနောက်မှာ ယွန်းဂီကိုယ့်နေရာကိုယ်ပြန်၀င်ထိုင်လိုက်သည်..

အချစ်ကိုပေးခဲ့သည်(အချစ်ကိုပေးခဲ့သည်)√Where stories live. Discover now