အပိုင်း(၁)

12K 354 4
                                    

"ဟော မောင်လာပြီဟေ့"

ကြွေးကြော်သံအဆုံးမှာပင်

"-ီးလား"

"ဒီဖေ...."

"ဟားဟား အဲ့ဒါခေါ်ချင်ဦးလေ မင်း!"

အဆဲခံလိုက်ရလို့မျက်နှာရှုံ့မဲ့သွားတဲ့ကောင်လေးနှင့် ထိုကောင်လေးကိုကြည့်ပြီး လက်ညှိုးတထိုးထိုးဖြင့် ရယ်နေတဲ့ကောင်လေး။

မောင်ဆိုတဲ့ကောင်လေးကတော့ ခုံပေါ်မှာဝင်ထိုင်ရင်း သွားတက်နှင့်ပါးချိုင့်တွေပေါ်အောင်ပြုံးနေခဲ့သည်။

"ကုဋေစိုး! သတောင်းစားလေး အပေါက်ပိတ်လိုက်တော့"

"ဟားဟား ရုပ်ကစိုးနဲ့ မင်းကမှခွက်ဇောင်းခုတ်!"

"မင်း!"

"အန်တီရေ ထမင်းကြော် ကြက်မွှကြော်နဲ့တစ်ပွဲချပါဗျို့"

မုန့်မှာလိုက်တဲ့အသံထွက်လာမှပဲ ရန်ဖြစ်နေတဲ့အသံတွေစဲသွားတော့သည်။

"အယ် ဘာလို့ရပ်သွားတာလဲ ဆက်ဖြစ်ကြလေ"

"ဒီဖေ..ချစ်..သားလေးကတော့!"

"မျက်နှာရူးနဲ့!"

နောက်ဆုံးတော့လည်း အပြိုင်ဆဲခံလိုက်ရတာဟာ ချစ်သောမောင် ဆိုတဲ့လူချော လူကောင်း လူရည်မွန် လေးပဲဖြစ်နေခဲ့သည်။ရှားရှားပါးပါးရှိတဲ့သူငယ်ချင်းနှစ်ကောင်က သူတို့ရန်စဖြစ်ပြီးရင် ဝင်နောက်တဲ့ ချစ်သောမောင် ကိုဆဲရင်းနဲ့ပဲအဆုံးသတ်သွားကြတာများသည်။နားညီးသက်သာဖို့အတွက် အဆဲခံရတာလည်းတန်ပါတယ်လေ။

"ပြောစမ်းပါဦး၊ ကျောင်းဖွင့်တာဖြင့် တစ်ပတ်ပြည့်တော့မယ် အခုမှကျောင်းလာတက်ရတဲ့အကြောင်းလေး"

ကုဋေစိုး မေးလိုက်တော့ မောင့်ရဲ့အနက်ရောင်မျက်ခုံးတန်းလေးတစ်ချက်ပင့်တက်သွားပြီး သွားတက်လေးပေါ်တယ်ဆိုရုံခပ်ဖွဖွပြုံးလိုက်သည်။

"မင်းတို့သိလား"

မောင် ခပ်တည်တည်ဖြင့်မေးလိုက်တော့ အရှေ့ကနှစ်ယောက်လုံးဟာ အူလည်လည်နှင့်ခေါင်းခါပြကြသည်။ဟက် ခနဲတစ်ချက်ရယ်လိုက်ပြီး

"မသိရင်မှတ်ထား မင်းသားဆိုတာနောက်ဆုံးမှထွက်တာကွ၊ ငါ့လိုတည်ကြည်ခန့်ညား ချောမောတဲ့လူက ကျောင်းမှာ ကျောင်းသားတွေအကုန်စုံမှကျောင်းလာတက်ရတာ အဟင်း!"

မောင့်မျက်ဝန်းပြာ (COMPLETED) မောင့်မျက်ဝန်းပြာDonde viven las historias. Descúbrelo ahora