"ဟာ ဒီဟာမကတော့ ဖြန်း...
ဟိတ်ကောင်တွေ ဒီကောင်မကို ဆွဲခေါ်သွားစမ်း"

ဖိုးတေ အမိန့်ရသည်နှင့်သူ့အနောက်မှလူနှစ်ယောက်က ရီရီလက်မောင်းကိုတစ်ဖက်ဆီဆွဲကာအနောက်သို့ခေါ်သွားသည်။

ဖိုးတေ က ကျသွားသောသေနတ်ကိုထကောက်၍ယုမောင်ကိုပစ်ရန်ရွယ်လိုက်သည်။

"ဒိုင်း...အ့"

ယုမောင်မှာနောက်ဆုံးမျှော်လင့်ချက်မဲ့စွာမျက်လုံးစုံမှိတ်ထားလိုက်သည်။ သို့သော်သေနတ်သံသာကြားလိုက်ရသည်။နာကျင်မှုကိုသူမခံစားရ။

မျက်လုံးဖွင့်ကြည့်တော့ ဖိုးတေ လက်ကောက်ဝတ်မှာသေနတ်မှန်ထားသည်။

"ဒိုင်းဒိုင်း..
ဒိုင်း...."

သေနတ်သံလေးငါးဆယ်ချက်အပြီးဖိုး​ေတနှင့်အပေါင်းအပါတို့အားလုံးခြေထောက်တွေမှာသေနတ်ဒဏ်ရာကိုယ်စီနှင့် ကြမ်းခင်းပေါ်လဲသွားသည်။

"ယုမောင်"

"နဂ္ဂ"

"ဟမ်...လူဇော်ကိုကယ်အုံး...နဂ္ဂ"

ယုမောင်မှာသေနတ်​​​ခြေထောက်သေနတ်မှန်ထား၍လှုပ်ရှားမရ။

လူဇော်လေးကသူ့ပုဆိုးစကိုတင်းတင်းကျစ်နေအောင်ကိုင်ထားရင်းအားတင်းထားရှာသည်။

"လူဇော်....ကိုယ့်ကလေးလေး ဘာမှမဖြစ်ရဘူးနော်။ ဆေးရုံသွားမယ်။ ကိုယ်...မင်းကိုရအောင်ကယ်မယ်ကလေး"

ယုမောင်ကပြောရင်းဝမ်းခေါင်းသံပါလာပြီးမျက်ရည်တွေကကျဆင်းလာသည်။

အနဂ္ဂမောင်က လူဇော့်ကိုသေချာပွေ့၍ကားထဲတွင်အရင်လှဲနေစေလိုက်သည်။
ယုမောင်ကသူ့ခြေထောက်ကသူသေနတ်ဒဏ်ရာကိုပင် သူသတိမရပဲ ခြေထောက်ကိုတရွတ်တိုက်ဆွဲကာ လူဇော်နောက်လိုက်လာသည်။

ကားပေါ်ရောက်တော့လည်း လူဇော့်ခေါင်းလေးကို သူပေါင်ပေါ်ထားစေလိုက်ပြီးလူဇော့်လက်ကလေးတွေကို ဆုပ်ကိုင်ထားပြန်သည်။

"လူဇော်အားတင်းထားနော်။ ဆေးရုံရောက်တော့မှာ...ခဏပဲကွာနော်။"

ယုမောင်မှာပြောသာပြောနေရတာသူလူဇော်လေးကိုအားမရတော့။အသက်ရှူသံတွေမြန်လာပြီးဒဏ်ရာကသွေးတွေကလည်းတရဟော။

ချစ်သော "ထွေး" (Complete)Where stories live. Discover now