Extar

8.5K 696 11
                                    

<Unicode>
"ဒီမှာပဲရပ်လိုက်တော့ ရှေ့ဘက်ကကားဆက်ဝင်လို့မရတော့ဘူး"

ရပ်ကွက်မမည်သောကျူကျော်အိမ်ယာများလမ်းထဲတွင်အိမ်မမည်သောထံရံစုတ်မျာဖြင့်ကာထားသည့်ကျောတစ်ခင်းစာလောက်သာရှိသည့်အိမ်ထဲတွင်မိန်းမတစ်ယောက်ကအိပ်နေသည်။

"လွမ်း ဒါကိုယ်တို့အိမ် သူ့ကိုစိတ်ထဲမထားနဲ့သူကမနေ့ညကဖဲဝိုင်းကောင်းနေတာနဲ့ခုမှအိပ်နေတာနည်းနည်းလဲမူးလာပုံရတယ်"

ဆံပင်ဆုတ်ဖွားနဲ့ထမိန်ကိုဒူအထိသာဝတ်ထားပီးဖရိုဖရဲအိပ်နေသည့်မိန်းကလေးမှာသူထင်ထားသည့်အတိုင်းသီရိဖြစ်နေသည်။အိပ်ပျော်နေသည့်သီရိဘေးတွင်ကလေးလေးအားချပေးလိုက်ကာအင်္ကျီကိုလှန်လိုက်ပီးကလေးအားနို့သောက်စေသည်။

"သူကသူအိပ်နေရင်နှိူးတာမကြိုက်ဘူး"

"ဟို ဘယ်လိုတေဖြစ်သွားကြတာလဲဟင်"

"ကံ ကံ၏အကျိုးလို့ပဲပြောရမလား လောဘကြီးပီးမလုပ်သင့်တာလုပ်ခဲ့မိတဲ့အတွက်အပြစ်ပေးခံရတာပေါ့လွမ်းရယ် ကိုချေးလိုက်တဲ့သိန်း1ထောင်ကိုပြန်ဆက်ဖို့အိမ်ရောခြံရောရောင်းလိုက်ပေမယ့်ဆယ်ပုံတစ်ပုံတောင်မရဘူးလေ အတိုးတေပါထပ်လာတော့ကိုအလုပ်လုပ်ပီးပြန်ဆက်နေပေမယ့်အရာမရောက်ခဲ့ဘူး ဖြစ်ချင်တော့သီရိမှာကိုယ်ဝန်ရှိနေပီတဲ့အဲ့တာနဲ့သူနဲ့စာချပ်မှာပဲလက်မှတ်ဖိုးပီးနှစ်ဦးသဘောတူလက်ထက်လိုက်တယ် အကြွေးကတဖက်ကလေးကလဲလရင့်လာတော့ကို့အလုပ်လေးနဲ့ဘယ်လိုမှမရတော့တဲ့အဆုံးကျောက်ကပ်တခြမ်းကိုထုတ်ရောင်းလိုက်ရတယ် အကြွေးတေတော့ကျေသွားပေမယ့် ရလဒ်ကအပင်ပန်းခံရတဲ့အလုပ်တေမလုပ်နိုင်တော့ဘူး အဲ့တာကြောင့်ဒီကိုပြောင်းလာပီးမီးပွိုက်မှာပန်းရောင်းနေတာ"

အရုပ်လေးကတော့ဝမ်းနည်းတတ်တဲ့စိတ်အခံကြောင့်တရှုံ့ရှုံ့ငိုနေပီ။ထို့ကြောင့်ရင်ခွင်ထဲထည့်ကာနှိမ့်သိမ်ပေးလိုက်ပီး....

"ငါ့ဘက်ကငါလုပ်ခဲ့တဲ့ကိစ္စတေကိုမှားတယ်မထင်ဘူးအဲ့တော့မတောင်းပန်နိုင်ဘူမင်းတို့ထိုက်နဲ့မင်းတို့ကံခံရတာပဲ"

"ငါသိပါတယ်ကွာ အဲ့တာကြောင့်ပီးခဲ့တတေမေ့ပီးသားလေးရှေ့ရေးအတွက်ပဲငါစဉ်းစားပါတော့တယ်"

Revenge System(Completed)Where stories live. Discover now