real life

10.9K 783 5
                                    

<Unicode>
တဖက်၌.....

"ကိုတို့တော့သူဌေးကြီးဖြစ်ပီကွ"

"ဟုတ်တယ်ကိုရေ ဟားဟား"

"စာချုပ်ကိုဖတ်ရအောင်ဘယ်လောက်တောင်ရှိလဲမသိဘူး"

ထက်မြတ်ကစာချုပ်ကိုလှန်ကြည့်လိုက်တော့စာချုပ်ကမိတ္တူကြီးသာဖြစ်သည်။

"ဟာ!"

ထို့နောက်စာချုပ်ကြားထဲမှစာရွက်လေးတစ်ရွက်ကထွက်ကြလာသည်။သီရိထိုစာရွက်လေးကိုကောက်ဖတ်ကြည့်တော့...

📝တစ်ခါအလိမ်ခံရရင်လိမ်တဲ့သူအပြစ်

  နှစ်ခါအလိမ်ခံရရင်အလိမ်ခံရသူအပြစ်📝 တဲ့...။

>>>>>>>>

လွမ်းတို့လိုက်ပါလာတဲ့လေယာဉ်လေးဟာပဲရစ်မြို့လေးသို့ဦးတည်နေသည်။မြန်မာနိုင်ငံကလုပ်ငန်းအားလုံးကိုအတွင်းရေးမှူးထံအပ်နှံကာပဲရစ်သို့ပျော်ပွဲစားထွက်လာခြင်းဖြစ်သည်။

တစ်လမ်းလုံးအိပ်လာသည်မှာhotelရောက်သည်အထိမနိုးသေးတာကြောင့်ပွေ့ချီကာခေါ်လာရသည်။အထုတ်အပိုးတေနဲ့အဂူးတို့ခြင်းကိုတော့hotelဝန်ထမ်းတေကိုသာသယ်လာခိုင်းလိုက်သည်။အိပ်ယာပေါ်သေချာချပေးပီး​ရေဝင်ချိုးလိုက်သည်။ရေချိုးခန်းထဲမှပြန်ထွက်တော့လွမ်းကကုတင်ပေါ်တွင်ငုတ်တုတ်လေးထိုင်ကာအိပ်ချင်မူးတူးဖြစ်နေသည်။

"မွ မောင့်အချစ်လေးအိပ်ချင်သေးရင်ဆက်အိပ်လေ"

"ဟင့်အင်း လျှောက်လည်ဖို့အချိန်တေကုန်သွားလိမ့်မယ်"

"မောင်တို့ကဒီမှာပျော်သလောက်နေမှာပါကွာအချိန်တေအများကြီးရှိပါသေးတယ်"

"မရဘူး ဒီနေ့ပဲသွားချင်တာမောင်ရေချိုးပီးပီမလား လွမ်းလဲသွားချိုးလိုက်တော့မယ်"

"ဟုတ်ပါပီဗျာ"

လွမ်းရေချိုးခန်းမှထွက်လာတော့မောင်ကဝရန်တာမှာဖုန်းပြောနေသည်။ဗီဒိုထဲကဒူးအထက်ဂျင်းဘောင်းဘီလေးနဲ့hoodieအပြာလေးအားထုတ်ကာဝတ်လိုက်သည်။

"အဂူး မင်းရောလိုက်အုံးမလား"

(မလိုက်တော့ပါဘူး အလှလေးကမူးနေသေးတယ် သူနဲ့ပဲနေခဲ့လိုက်တော့မယ်)

Revenge System(Completed)Where stories live. Discover now