<Unicode>
"မွန်ပိုလေးဘာဆော့ကြမလဲ""အွန်းး ဟိုအကောင်ကြီးလည်နေတာစီးမယ်"
"ဟုတ်ပီဗျာ"
"မားမား ပါးပါးကကြာလိုက်တာ"
"ရေခဲမုန့်ဆိုင်ကလူများနေလို့နေမယ်"
"မားမား မီးရှူးပေါက်ချင်တယ်"
"ဒီနားမှာအိမ်သာရှိမယ်ထင်တယ် လာ"
....
"ဝင်သွားနော် မားမားအပြင်မှာစောင့်နေပေးမယ်"
"ဟုတ်"
tolietရှေ့တွင်မွန်ပိုလေးအားရပ်စောင့်နေတုန်း..
ဒုတ်...
ယုခိခေါင်းထပ်ကနာကျင်မှုနဲ့အတူအမှောင်တိကျသွားတော့သည်။
ရွှန်းရေခဲမုန့်ဝယ်ပီးပြန်လာတော့ယုခိတို့အားမတွေ့တာနဲ့လိုက်ရှာတော့အမျိုးသမီးအိမ်သာရှေ့တွင်လူများအုံနေတာကြောင့်ဘာရယ်မဟုတ်လှမ်းကြည့်မိချိန်မြင်လိုက်ရသည့်ပုံရိပ်လေးကြောင့်နှလုံးသားတစ်ခုလုံးဆွဲညစ်ခံလိုက်ရသလိုပင်။
"အရုပ်လေး!အရုပ်လေးထပါအုံး ဟင်!"
ခေါင်းနောက်မှစိုထိုင်းနေတဲ့အထိတွေ့ကြောင့်ကြည့်မိတော့..
"သွေး သွေးတေ အရုပ်လေး!"
ရွှန်းကသုံးယောက်ထဲလွတ်လပ်စွာနေချင်တာကြောင့်သက်တော်စောင့်များမခေါ်လာမိတာကိုနောင်တရသွားသည်။ပျော့ခွေနေတဲ့ကိုယ်လေးကိုဆွဲပွေ့ကာကားဆီသိုအမြန်ပြေးသွားတော့သည်။
>>>>>
"အီးဟီ မားမားရေ!"
"ကျစ် နားငြီးတယ်ကွာ!"
ပိတ်အော်လိုက်တာကြောင့်ကလေးမလေးဟာတုန်တက်သွားပီးအသံမထွက်အောင်ကြိတ်ပီးရှိုက်ငိုနေသည်။ဂျင်းသူတကယ်စိတ်ညစ်လာပီထိုကလေးမလေးကရောက်ထဲကငိုနေအမေတူသမီးလို့ပဲဆိုရမလား မီကာလဲအငိုသန်သည်။မီကာဟုတွေးမိသည်ဝမ်းနည်းစိတ်ဟာစိုးမိုးလာတာကြောင့်မျက်ရည်ဝဲမိသည်။စီးကျလာတဲ့မျက်ရည်တေကိုထုံးစံအတိုင်မသုတ်ပစ်ပဲထားကာမျက်လုံးကိုမှိတ်ပီးစိတ်ကြျိုက်ကျဆင်းခွင့်ပြုလိုက်သည်။ထိုအချိန်ပါးပြင်ထက်သို့အိစက်တဲ့အထိတွေ့လေးကျလာတာကြောင့်မျက်လုံးဖွင့်ကြည့်မိတော့....
YOU ARE READING
Revenge System(Completed)
Fantasy"မောင့်အတွက်လွမ်းရှင်သန်ရမယ် ပီးရင် သူတို့ကိုပြန်လက်စားချေမယ်" "hostရေ~ကျနော့်နဲ့လက်တွဲပီးပြန်လက်စားချေရအောင်" "မောင့်အတွက်လွမ်းရှင်သန်ရမယ် ပီးရင် သူတို့ကိုပြန်လက်စားချေမယ်" "hostရေ~ကျနော့်နဲ့လက်တွဲပီးပြန်လက်စားချေရအောင်" Start date -19.4.2022 End d...