real life

11.3K 873 9
                                    

<Unicode>
"ဟူးး"

meetingကလေးနာရီကျော်ကြာမြင့်ပီးချိန်တွင်လူကနွမ်းသွားသည်။နာရီကိုကြည့်တော့၁၂ခွဲပီမို့ဗိုက်ဆာနေတာကြောင့်ပင်ပန်းမှုကသိသာလှသည်။ကားသော့ယူကာအိမ်ပြန်ဖို့အလုပ်....

"bossမနက်ဖြန်ပရောဂျက်အတွက်စာရင်းတေလာပြတာပါ"

"ကျစ် မပီးနိုင်တော့ဘူး"

ရောင်နီစားပွဲတွင်ပြန်ထိုင်လိုက်ပီးဖိုင်တွဲကိုလှမ်းယူတော့သူ့လက်ကိုမထိတထိလာပွတ်သွားတဲ့ဝန်ထမ်းမလေးကြောင့်မျက်မှောင်ကြုံ့လိုက်မိသည်။

"မင်းကဝန်ထမ်းအသစ်လား"

"ဟုတ်ကဲ့"

"နောက်တစ်ခါငါ့အခန်းထဲမဝင်ခင်တံခါးခေါက်"

"ဟုတ်ကဲ့ သီရိမှတ်ထားပါ့မယ်"

ပြတ်သားတဲ့လေသံနဲ့ပြောလိုက်တဲ့ရောင်နီကြောင့်သီရိအနည်းငယ်ရှိန်သွားသည်။

****

flash back

"သူ့ရဲ့ချစ်သူကရောင်နီသွေးတဲ့ သူ့ရဲ့အကိုဆိုပေမယ့်သွေးမတော်စပ်ဘူး လွမ်းရဲ့မိဘတေကသူ့ကိုမွေးစားထားတာ ပိုင်ဆိုင်မှုတေကအကုန်သူ့နာမည်နဲ့ပဲ"

"ဒါဆို ချစ်တို့ဘက်ကဘယ်လိုလှုပ်ရှားရမှာလဲ"

"အဲ့ဒါကချစ်ကိုပဲအားကိုးရတော့မှာ အဲ့ရောင်နီသွေးဆိုတဲ့ကောင်ကိုချစ်ကရအောင်မြူစွယ် ချစ်ရဲ့အလှတရားကိုအဲ့ကောင်ငြင်းနိုင်မှာမဟုတ်ဘူး ကိုတောင်မငြင်းနိုင်တာ"

"ကိုနော် ဒါနဲ့ချစ်ကသူ့အနားကိုဘယ်လိုချဉ်းကပ်ရမှာလဲ"

"သူ့ကုမ္မဏီမှာအလုပ်ဝင်လုပ် အလုပ်ရဖို့ကို ကို့တာဝန်ထားပိုက်ဆံနည်းနည်းပေးလိုက်ရင်အဆင်ပြေတယ်"

"ဟုတ်ပီ ကိုကအရမ်းတော်တာပဲ အာ့ကြောင့်ချစ်ကကို့ကိုအရမ်းချစ်နေရတာ"

"အဟင်းး ဟင်းး"

****

"ပီးပီမလား သွားတော့"

"ဟို boss နေ့လည်စာမစားရသေးရင်သီရိလိုက်ကျွေးပါရစေ"

"မလိုဘူး"

ရောင်နီခုံမှထလိုက်သည်နှင့်အဆာလွန်နေတာကြောင့်လူကမိုက်ကနဲဖြစ်သွားသည်။

Revenge System(Completed)Where stories live. Discover now