ယုခိ(Arc 5.8)(end)

11.5K 987 36
                                    

<Unicode>
"ရွှန်း ငါမှားမှန်းသိပါပီ ငါအရမ်းအတ္တကြီးမိသွားတယ် ငါ့ကြောင့်မီကာလဲသေခဲ့ရသလိုအခုမွန်ပိုလေးကိုပါသတ်မိတော့မလို့ ငါကသေသင့်တဲ့သူပါ"

ဂျင်းဒူးထောက်ချကာမွန်ပိုလေးအားအောက်ချပေးလိုက်တော့ယုခိဆီပြေးသွားသည်။

"မားမား ဟီးး"

"မွန်ပိုလေး"

"ရွှန်း မင်းသတ်ချင်ရင်ငါ့ကိုပဲသတ်ပါ ငါ့ဂိုဏ်းကလူတေကိုတော့လွှတ်ပေးလိုက်ပါ ဒီကိစ္စတေအားလုံးရဲ့တရားခံကငါပါ"

"ဂျင်း မင်းဘာလို့စိတ်ပြောင်းသွားတာလဲ"

"မွန်ပိုလေးကြောင့်ငါ့ကိုသူအမြင်မှန်ရစေခဲ့တာ"

"ပါးပါး ဦးဦးကလေမီးကိုစောက်ရှောက်ပေးထားတာသိလား မုန့်တေလဲကျွေးတယ် ဟီးဟီး"

"ကလေး အရာအားလုံးအတွက်ဦးတောင်းပန်ပါတယ် အားလုံးကဦးမကောင်းခဲ့လို့ပါ ရွှန်း မင်းစိတ်တိုင်းကျလုပ်နိုင်ပီ"

ရွှန်းလက်ထဲကသေနတ်ကိုမြှောက်ကိုင်လိုက်သည်နှင့်မျက်လွှာချကာကျရောက်လာမဲ့နာကျင်မှုကိုစောင့်နေလိုက်သည်။သို့သော်အချိန်အတော်ကြာသည်အထိဘာနာကျင်မှုကျရောက်လာတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့သူနဲ့အတူဒူးထောက်နိုင်နေတဲ့ရွှန်း။

"ငါမင်းကိုနားလည်တယ်ဂျင်း တကယ်ချစ်မိသွားရင်ဘယ်လိုခံစားရလဲငါနားလည်သွားပီ ငါလဲမင်းနေရာမှာဆိုရင်ဒါမျိုးလုပ်မိလောက်မှာ ချစ်မိတာလဲအပြစ်မဟုတ်သလို အမှားကိုအချိန်မှီပြင်လိုက်နိုင်တာကကောင်းတဲ့အရာပဲလေ"

"ကျေးဇူးပါကွာ"

နှစ်ယောက်လုံးထလိုက်ပီးလက်ဆွဲကာညီကိုရင်းချာလိုပုခုံးဖက်ကာနှုတ်ဆက်သည့်အမူရာကိုလုပ်တော့သည်။ဒါဟာမားဖီးယားတို့ရဲ့ရင်နှီးကြောင်းပြသည့်အမူရာပင်။ထိုအချိန်..

ဒိုင်း...

ဘယ်ကလာမှန်းမသိတဲ့ကျည်ဆံကဂျင်းထဲလက်မောင်းသို့စိုက်ဝင်သွားသည်။

"ဦးဦး!"

"တောက်!စောက်သုံးကိုမကျဘူး"

အသံနဲ့အတူဝင်လာတဲ့မိုနာနဲ့ဂိုဏ်းသားအချို့..

Revenge System(Completed)Where stories live. Discover now