႐ိုတာ(Arc -4.3)

11.6K 941 27
                                    

<Unicode>
"ဟန်နီ ဒီနေ့ကုမ္မဏီမသွားရဘူးလား"

"မသွားဘူး အန်ဒရူးကနေမကောင်းဘူးတဲ့ သားကအခုမှအိမ်ကိုပြန်လာတာသူနေမကောင်းဖြစ်နေတာကိုအမေတစ်ယောက်အနေနဲ့အနားမှာရှိပေးသင့်တယ်ထင်လို့"

"အော် အင်းပါ"

အန်ဒရေမှာအင်တင်တင်ဖြစ်သွားရသည်။ဂျက်စီကာသာတနေကုန်အိမ်မှာရှိနေရင်ရိုတာအားသူကြောင်လို့ရမည်မဟုတ်ပေ။သားကောင်မလွတ်သွားဖို့အရေးခနလောက်အစာအငတ်ခံရမည်သာ။

တဖက်၌...

ဒေါက် ဒေါက်

"ဖွင့်ထားတယ်"

"အန်ဒရူးနေမကောင်းဘူးဆို မစ္စကကြည့်ပေးလိုက်ပါအုံးဆိုလို့"

"အဟင့် ကိုယ့်ဘဝကလဲဆိုးလိုက်တာ စေတနာရှိလို့လာကြည့်ပေးတာမဟုတ်ပဲနဲ့ ခိုင်းလို့လာတာပါတဲ့ ဗြဲ:::::"

ပြောကာထငိုတဲ့အန်ဒရူးကြောင့်ရိုတာတောင်ကြောင်သွားရသည်။

"တွေ့လား ငိုနေတာတောင်မချော့တဲ့အပြင်ရပ်ကြည့်နေတယ် နှလုံးလားမရှိတဲ့သူလေး"

"အဟက် မောင်ကတော့လေ"

"မောင်!"

အော်ငိုနေရာကနေတိတ်သွားပီးမျက်လုံးပြူးကာမော့ကြည့်လာတော့နှဖူးလေးအားတောက်လိုက်ပီး...

"မင်းကငါ့ထက်ငယ်တယ် အဲ့တာကြောင့်မောင်လို့ခေါ်တာမကြိုက်ရင်လဲမခေါ်..."

"ဟင့်အင်း ကြိုက်တယ် အရမ်းကြိုက်တာ ခေါ်နော် ခေါ် ခေါ်"

"ဖြေးဖြေးပြောပါမောင်ရယ် ပြောပါအုံးဘယ်ကနေဘယ်လိုဖျားသွားရတာလဲ မနေ့ကအထိအကောင်းကြီးပါ"

"ညကရေချိုးရင်းအပတ်အေးသွားတာ"

"အအေးပတ်တယ်လုပ်စမ်းပါ"

"အော် အင်း ဟုတ်တယ် အအေးပတ်တာ"

bathtubeထဲမှာငါးနာရီမျှကြာအောင်စိမ်နေခဲ့တာကိုတော့ထည့်မပြောတော့ပေ။

"ဘာစားပီးပီလဲ"

"တွေ့လားတစ်အိမ်ထဲနေနေတာတောင်ကိုယ်အစာ စားလားမစားလားမသိဘူး ဟင့် နှလုံးသားမရှိတဲ့သူ"

Revenge System(Completed)Where stories live. Discover now