ရှောင်းယွမ(Arc -3.7)

13.1K 967 13
                                    

<Unicode>
"ငါကိုယ်တော်ထပ်ပြောမှာက ဒီနေ့ကစပီးရှင်းဟာကိုယ်လုပ်တော်တစ်ဦးမဟုတ်တော့ဘူး ဧကရီရဲ့အမအဖြစ်သတ်မှတ်လိုက်တဲ့အတွက်ရှောင်းမျိုးနွယ်ဝင်တစ်ဦးဖြစ်သွားပီ အဲ့ဒါကြောင့်ယနေ့ကစပီးအမတော်ရှောင်းရှင်းဟုခေါ်စေ"

ရှင်းမှာမယုံနိုင်တာမျက်လုံးအဝိုင်းသားဖြင့်ရှောင်းယွမ်ကိုကြည့်လာသည်။ရှောင်းယွမ်ကပြုံးပြလိုက်တော့မျက်ရည်ဝဲကပြန်ပြုံးပြလေသည်။

"ဒါ့အပြင်ကိုယ်ရံတော်ကျန်းနဲ့ရှောင်းရှင်းကိုငါကိုယ်တော်ကိုယ်တိုင်လက်ဆက်ပေးမယ်"

"မင်းကြီး!တကယ်လား ကျေးဇူးတင်ပါတယ်မင်းကြီး"

"ငါ့ကိုမတင်နဲ့ အရုပ်လေးကစီစဉ်ခိုင်းလို့"

"ကျေးဇူးကြီးလှပါတယ်ဧကရီ ကျနော်ရှင်းကိုသစ္စာရှိရှိချစ်ပီးဂရုစိုက်ပါ့မယ် ကျေးဇူးတင်ပါတယ်"

"ရပါတယ်ကျဲကိုသာ သာယာအေးချမ်းတဲ့မိသားစုလေးဖန်တီးပေးလိုက်ပါ"

"ကျနော့်အသက်နဲ့ထပ်တူကတိပေးပါတယ်"

လီရှားမှာကြောင်အ,ပီးသာထိုင်နေရတော့သည်။သူကလွဲရင်အားလုံးကပျော်နေကြသည်ကိုမုန်းတီးနေသည်။သို့ပေမယ့်မင်းကြီးရှေ့ကခွက်ထဲကိုသေရည်ထည့်ပေးနေတဲ့လူကိုမြင်လိက်တာနဲ့ချက်ခြင်းမျက်နှာဟာတောက်ပသွားသည်။

*ငါ့ရဲ့အချိန်ရောက်လာတော့မယ်*

ထို့နောက်နေရာမှထကာခန်းမအပြင်သို့တိတ်တဆိတ်ထွက်သွားတော့သည်။အားလုံးကကိုယ့်အပျော်နဲ့ကိုယ်မို့သတိမထားမိပေမယ့်ရှောင်းယွမ်ကတော့မြင်လိုက်သည်။

(အဂူး)

(ဟုတ်ကဲ့host ဇာတ်လိုက်မကဘုရင်သောက်မဲ့သေရည်ထဲဆေးခပ်ထားပါတယ်)

(စိတ်ကြွဆေးမလား)

(ဟုတ်ပါတယ်တော်တော်ပြင်းတဲ့ဆေးပါခနအတွင်းဆေးစွမ်းပြပါလိမ့်မယ်)

(ဇာတ်လိုက်မကဘယ်သွားတာလဲ)

(ဘုရင့်အိပ်ဆောင်ထဲကနေကြိုစောင့်နေမလို့ပါ)

(ကောင်းပီ)

ချူးဝမ်ရှုတ်တရက်သူ့ကိုယ်ဟာပူလောင်လာပီးတစ်ခုခုကိုတောင့်တလာသည်။သူ့စိတ်ကိုထိန်းချုပ်ပေမယ့်အပူကပိုပိုတိုးလာတာကြောင့်ချွေးစေးများပင်ထွက်လာသည်။

Revenge System(Completed)Where stories live. Discover now