ရှောင်းယွမ(Arc -3.3)

13.4K 1K 16
                                    

<Unicode>
"ကျစ် နားလေးနေလား"

"မဟုတ်ပါဘူး မင်းကြီး ဟို ဟို"

"ကျစ် မေးတာဖြေစမ်းပါ"

"အမှားလုပ်မိပါတယ်မင်းကြီး"

"ဘာလဲ ငါဘာပြောမိလို့လဲ"

"မင်းကြီး ဒီကိစ္စကကိုယ်လုပ်တော်ရှင်းနဲ့မဆိုင်ပါဘူး ကျနော်ကသာချဉ်းကပ်ခဲ့သူပါ အပြစ်ပေးမယ်ဆိုကျနော့်ကိုသာပေးပါ"

"နေပါအုံး ကိုယ်ရံတော်ကျန်း ဘာတေပြောနေတာလဲ ငါကချစ်ဖူးလားပဲမေးတာ"

"ဟို ကျနော်နဲ့ကိုယ်လုပ်တော်ရှင်းချစ်သူဖြစ်နေတာကိုသိလို့အလိမ္မာနည်းနဲ့မေးတာမဟုတ်ဘူးလား"

"ဘယ်ကသာ နေပါအုံး မင်းနဲ့ကိုယ်လုပ်တော်ရှောင်းကဘယ်ကနေဘယ်လို"

"...."

"ဟုတ်ပီ ငါကိုယ်တော်မင်းကိုခွင့်လွှတ်ပေးတယ် ဒါပေမယ့်အပေးယူရှိတယ်"

"ကျေးဇူးကြီးလှပါတယ်မင်းကြီး အပေးယူကဘာများပါလဲ"

"မင်းကိုယ်လုပ်တော်ရှင်းကိုဘယ်လိုချဉ်းကပ်ခဲ့တာလဲငါ့ကိုအကုန်ပြောပြ"

"ဗျာ!"

>>>>>>

"အင့် လက်ကိုက်လိုက်တာ"

မနေ့ကတုန်းကသိပ်မနာပေမယ့်အခုမှလက်ကတစ်ဆစ်ဆစ်နဲ့ကိုက်ပီးနာနေသည်။ညကအေးထားတာကြောင့်လဲပါမယ်ထင်သည်။

"မင်းကြီးကြွချီလာပါပီ!!"

"ဟင်"

"အရုပ်လေး!"

အိပ်ဆောင်ထဲဝင်ဝင်ချင်းမျက်ရည်စလေးတေတွဲခိုနေတဲ့မျက်နှာလေးကြောင့်အနားကိုအမြန်ပြေးသွားလိုက်ကာ...

"ဘာဖြစ်လို့လဲဟင် တနေရာရာကနာလို့လား"

"လက်ကအရမ်းကိုက်နေတယ်"

"သမားတော်ခေါ်ကြစမ်း!!"

"အဟင့်"

"ရှူးးး ရှူးးး ကိုယ်သမားတော်ခေါ်လိုက်ပီနော် မငိုပါနဲ့ကွာ"

"အင့်"

ကိုယ်လုံးသေးသေးလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်တော့အလိုက်သင့်လေးပါလာပီးနောက်ကျောအားပြန်လည်ဖက်တွယ်လာတာကြောင့်ချူးဝမ်ကိုယ်ဟာတောင့်သွားသည်။

Revenge System(Completed)Where stories live. Discover now