real life

11.9K 905 17
                                    

<Unicode>
"ဖက်ထားဆို မြန်မြန် အေးနေပီ"

"အော် အင်း"

မောင်ကအနွေးထည်လေးကိုအနည်းငယ်ဖွင့်ပေးတော့မောင့်ရင်ခွင်ထဲကိုဝင်လိုက်သည်။မောင့်ရဲ့လက်မောင်းကပုခုံးပေါ်ကျရောက်လာပီးအနည်းငယ်တုန်နေသည်။

*မောင်နဲ့တော့ခက်ပီ*

"အားး မောင်ကြောက်တယ်"

"မကြောက်နဲ့နော် မောင်ရှိတယ်"

"ဟင့် ဇွန်ဘီတေအများကြီးပဲ"

ရင်ခွင်လေးကုပ်ကုပ်လေးဝင်ကာမျက်နှာအားလက်ဖြင့်ကွယ်ထားသည့်လွမ်းကြောင့်ရောင်နီမှာအသဲလဲယားသလိုသနားလဲသနားသည်။

"မောင်ရှိတယ်နော် ဘာမှမဖြစ်ဘူး မောင်မှားတာပါ အရုပ်လေးအဲ့ကားကြည့်မှာကိုသဘောမတူလိုက်သင့်ဘူး"

"လွမ်းကမောင်နဲ့အတူကြည့်ချင်လို့လေ မောင့်အပြစ်မှမဟုတ်တာ"

"ဒါပေမယ့်"

"တော်ပီပါးစပ်ပိတ် မုန့်ခွံ့ပေး"

"အင်းပါ"

"မောင် လွမ်းလေအဲ့ကားထဲကဗိုက်ကြီးသည်ကိုအရမ်းကြိုက်တာပဲသိလား"

"ဘာလို့လဲ"

"သူ့မှာတောင့်ဖြောင့်တဲ့ယောက်ျားရှိတယ်လေ ဟီးး ပီးတော့သူ့ယောက်ျားကနောက်ဆုံးအချိန်ထိသူ့ကိုရအောင်ကာကွယ်ပေးသွားတာ မောင်လဲလွမ်းကိုသူ့လိုကာကွယ်ပေးမယ်မဟုတ်လားဟင်"

"ဒါပေါ့အရုပ်လေးရဲ့ မောင်အသက်ထက်အရုပ်လေးကပိုအရေးကြီးတယ်"

"ပီးတော့လေ ဟိုကျောင်းသားအတွဲကိုတော့အားမရဘူး ကောင်မလေးကဇွန်ဘီဖြစ်သွားတဲ့အထိကောင်လေးကသူ့ကိုချစ်တယ်လို့ပြောမသွားရရှာဘူး ဘယ်လောက်ရင်နာဖို့ကောင်းလိုက်လဲ"

တခုခုကိုတွေးတောသွားတဲ့မောင့်ရဲ့မျက်နှာကြောင့်လွမ်းရှေ့ဆက်ပြောလိုက်သည်။

"လွမ်းလေအဲ့ကောင်မလေးလိုမဖြစ်ချင်ဘူးသိလား သူချစ်နေမှန်းလဲကိုယ်ကရိပ်မိနေတယ် ဒါပေမယ့်သူကဖွင့်မပြောတော့ကိုယ့်မှာဘာမှမလုပ်နိုင် ကြည့်ဘယ်လောက်အသဲယားစရာကောင်းလိုက်လဲ"

Revenge System(Completed)Where stories live. Discover now