ဒီနွန်း(Arc -6.1)

10.2K 869 5
                                    

<Unicode>
❗5%ဖြတ်လိုက်ပါပီ❗

(တကယ်တော့အဲ့မိန်းကလေးဘုရင်မကြီးရဲ့အယုံကြည်ရဆုံးကုန်သွယ်တော်ကြီးရဲ့သမီးပါ ဘုရင်မကသူမကိုသူ့အနားမှာပဲခစားခိုင်းထားတယ် ဒါပေမယ့်တရက်ကျတော့သူမအဖေကပြင်သစ်ကိုကုန်သွယ်ဖို့လာရမယ့်အချိန်သိပ်နာမကျန်းဖြစ်နေတာကြောင့်သူမပါလိုက်လာခဲ့တာပါ အဲ့မှာတင်ဇာတ်လိုက်နဲ့တွေ့သွားတာ)

(နေအုံး အနားမှာခစားခိုင်းတယ်ဆိုတော့အစေခံလိုလား)

(မဟုတ်ပါဘူး သူအနားမှာပဲဘာမှမလုပ်ပဲနေခိုင်းတာပါ)

(အနားမှာနေခိုင်းတယ် သူသေတော့စစ်ကြေညာတယ် မဟုတ်မှဘုရင်မကသူမကိုကြိုက်နေတာလား)

(အဲ့ထက်ပိုပါတယ် သူတို့ကချစ်သူတေပါ)

(ဟမ်!)

(ဟုတ်ပါတယ် ဒါပေမယ့်ဘုရင်မဆိုတဲ့ဂုဏ်ပုဒ်ကြောင့်လိင်တူချစ်တာကိုတရားဝင်ချပြဖို့ခက်ခဲနေတာမို့တိတ်တဆိတ်ပဲနေကြတယ် ဒါပေမယ့်ဘုရင်မကသူမအဖေနဲ့ကုန်သွယ်ဖို့သွားပီးပြန်လာရင်တရားဝင်လက်ထပ်ဖို့ပြောခဲ့တယ် သူမကလဲလက်ခံပီးသူမပြန်လာတာကိုစောင့်နေဖို့ပြောခဲ့တယ် ဒါပေမယ့်...)

(ဇာတ်လိုက်လက်ချက်ကြောင့်မပြန်နိုင်ခဲ့ဘူးပေါ့)

(ဟုတ်ပါတယ်)

(နောက်ပီးစစ်ကြေညာတော့ဇာတ်လိုက်ကသွားဆွေးနွေးတယ်နော်)

(ဘာတေပြောလိုက်လို့နေ့ချင်းစစ်ဖြစ်သွားတာလဲ)

(host သိချင်ရင်ကိုယ်တိုင်သွားနားထောင်လေ)

(အခုပြောနေကြပီလား)

(ဟုတ်)

ဒီနွန်းချက်ချင်းပင်အီသန်တို့ဆွေးနွေးနေကြသည့်အဆောင့်သို့ထွက်လာလိုက်သည်။အဆောင်ထဲတွင်အီတလီဘုရင်မနဲ့အီသန်တို့ကစကားပြောနေကြသည်။ဒီနွန်းတံခါးနားကပ်ကာသူတို့ပြောနေသည်ကိုနားထောင်လိုက်သည်။

"ဆိုတော့ အကြောင်းရင်းကအတိကျမရှိဘူးပေါ့"

"ကျွနုပ်နိုင်ငံသားတစ်ယောက်လုံးသေဆုံးသွားရတာ ဒီ့ထက်ပိုကောင်းတဲ့အကြောင်းပြချက်ပေးရအုံးမှာလား"

Revenge System(Completed)Where stories live. Discover now