႐ိုတာ(Arc -4.2)

11.6K 968 4
                                    

<Unicode>
"နေပါအုံး ရိုတာလေးရဲ့"

ရိုတာလက်ကိုဆောင့်ရုန်းလိုက်ပီး..

"ဘာခိုင်းစရာရှိသေးလို့လဲ"

"စိမ်းကားလိုက်တာကွာ မနေ့ကိစ္စကို ကိုကြီးမကျေနပ်ဘူးနော်ရိုတာလေး"

"ဘာကိစ္စလဲ"

"မသိချင်ယောင်မဆောင်ပါနဲ့ ရိုတာလေးလူလည်ကျသွားတာသိတယ်"

"အဲ့တော့ဘာလုပ်ရမှာလဲ တကယ်ဆိုလေအိပ်ဆေးအစားကြွက်သတ်ဆေးထည့်ချင်တာ ဒါကလဲအခြေနေအရပါ ဘယ်သူသိနိုင်မှာလဲ နောက်တခါကြွက်သတ်ဆေးထည့်ချင်လဲထည့်ဖြစ်သွားမှာ"

"ဘာ!ဟက် ရိုတာလေး ရိုတာလေး ကိုကြီးကအနုနည်းသုံးနေတာကိုမကြိုက်ဘူးထင်တယ် ရိုတာလေးဘယ်လိုလုပ်လုပ်ကိုယ့်လက်ကလွှတ်မှာမဟုတ်ဘူး ကိုယ်ကသားကောင်ရွေးပီးရင်အဲ့သားကောင်ကိုရအောင်ဖမ်းပီးစားတယ်"

"ခဗျားကြည့်လုပ်နော် Aကိုက်ပီးသေနေအုံးမယ်"

"မင်း!!"

"ဒယ်ဒီ"

"ဟင် အန်ဒရူးဘယ်တုန်းကရောက်နေတာလဲ"

"ဒီမနက်ပဲ အဖွားကတပတ်လောက်လာနေပေးလိုက်ဆိုလို့"

"အကိုကြီးတို့စကားပြောကြပါ ကျနော့်ကိုခွင့်ပြုပါအုံး"

"ကောင်းပီ"

ထွက်သွားတဲ့ရိုတာနောက်ကျောကိုလျှာသပ်ကာကြည့်နေတဲ့အဖေဖြစ်သူကြောင့်အန်ဒရူးအံကြိတ်ကာနေသည်။

"ဒယ်ဒီ အသက်လဲကြီးနေပီ ခုထိအဲ့လိုလုပ်နေတုန်းပဲလား"

"ငါကဘာလုပ်နေလို့လဲ"

"ကိုယ့်ကိုကိုယ်သိလေ ကျနော်ပြောလိုက်မယ် အဲ့အရုပ်လေးကကျုပ်အပိုင်ပဲ"

"ဟ!မင်းကငါ့ဆီကအမဲလာဖြတ်နေတာလား သူ့ကိုငါချိန်ထားပီးသား"

"ကျုပ်ပြောပီးပီသူ့ကိုမထိနဲ့ မဟုရင်ကျုပ်အဆိုးမဆိုနဲ့"

"တောက်စ်!မင်းကများ"

ဆက်ပြောမဲ့စကားတေကိုနားမထောင်တော့ပဲအခန်းအပြင်သို့ထွက်လာလိုက်သည်။ထို့နောက်ရိုတာအခန်းရှေ့သွားကာတံခါးခေါက်လိုက်သည်။

Revenge System(Completed)Where stories live. Discover now