ရှိန်း(Arc -7.5)(end)

10.9K 906 14
                                    

<Unicode>
"နင်ပြောလို့လဲမရပါဘူး သက်သေမရှိပဲငါ့ကိုစွတ်ဆွဲလို့မရဘူး အဟင်း"

ရှိန်းပုခုံးအားဝင်တိုက်ကာထွက်သွားတဲ့အယ်တာကသူဒုက္ခရောက်ပီဆိုတာကိုမသိသေးပေ။

"အော် အယ်တာ"

"ဘာလဲ"

"ကျေးဇူး ငါ့ကိုတောင်အပင်ပန်းမခံခိုင်းခဲ့လို့"

ရှိန်းကသူ့လက်ထဲကဖုန်းကိုကိုင်ကာပြသည်။တကယ်တော့အယ်တာနဲ့စကားမပြောခင်ကတည်းကphအားခန်းမထဲမှမိန့်ခွန်းပြောတဲ့boxနဲ့ချိတ်ထားပီးသားဖြစ်တာကြောင့်သူတို့ပြောသမျှကိုခန်းမထဲမှလူအားလုံကပြတ်ပြတ်သားသားကိုကြားနေရသည်။ထိုအချိန်မှာပဲစခန်းမှူးအပါဝင်အားလုံးရောက်လာကြတော့သည်။

"အယ်တာ မင်းတကယ်ပဲ ရှိန်းကိုလုပ်ကြံခဲ့တာပေါ့"

"မ မဟုတ်..."

"ပီးတော့ကားတိုက်မှုလဲဖစ်ခဲ့တယ် လူသေမှုကိုပါဖုံးကွယ်ထားတယ် မင်းရူးနေလား"

"မ မဟုတ်ပါဘူး စခန်းမှူး သူ သူလိမ်နေတာ"

"ဘာမဟုတ်တာလဲ အားလုံးကိုမင်းပါးစပ်ကနေပြောသွားတာလေ"

"မဟုတ်ဘူး!ကို ကိုဝင်ပြောပါအုံး အယ်တာမလုပ်ဘူးလေနော် ကိုသိပါတယ်"

အယ်တာကဒုခေါင်းဆောင်ဆီပြေးသွားကာလက်မောင်းကိုအားကိုးတကြီးဆွဲကာပြောလေသည်။

"သက်သေတေရှိနေတယ်လေအယ်တာ ကိုယ်ကဘယ်လိုကူညီရမှာလဲ"

"အယ်တာမာ မင်းကိုယဉ်စည်းကမ်းချိုးဖောက်မှု၊လူသတ်မှုနဲ့လုပ်ကြံမှုအတွက်ဖမ်းဆီးလိုက်ပီ"

"ဟင့်အင်း မဖြစ်ဘူး မရဘူး!"

အနားရောက်လာသည့်လူများကိုတွန်းတိုက်ကာအပြင်သို့ထွက်ပြေးသွားတဲ့အယ်တာအားဘယ်သူမှမဆွဲလိုက်နိုင်ပေ။သွေးရူးသွေးတန်းနဲ့လျှောက်ပြေးနေတဲ့အယ်တာဟာကားလမ်းမပေါ်ရောက်သွားပီးသူ့ထံသို့ကားတစ်စီးကအရှိန်ပြင်းပြင်းမောင်းနှင်လာသည်ကိုမရှောင်လိုက်နိုင်ပေ။

ဒုန်းး

အသံနဲ့အတူလွင့်ထွက်သွားတဲ့အယ်တာကလမ်းမနဲ့ခေါင်းနဲ့ဆောင့်မိတာကြောင့်သွေးများဟာခနချင်းလမ်းမပေါ်တွင်ရဲတောက်သွားသည်။အသက်ငွေ့ငွေ့လေးကျန်နေသေးတဲ့အယ်တာဟာလမ်းမပေါ်တွင်မလှုပ်နိုင်တော့ပေ။ထိုအချိန်ကားပေါ်မှဘေ့စ်ဘောတုတ်နဲ့ဆင်းလာတဲ့ဇေးမတ်။

Revenge System(Completed)Where stories live. Discover now