<Unicode>
ဂင်ယောင်းဒီနေ့စောစောနိုးနေတာကြောင့်မနက်စာပြင်ရန်အောက်ထပ်သို့ဆင်းလာသည်။အိမ်အကူအဒေါ်ကြီးကလဲရွာပြန်နေသည်မို့အိမ်ထဲတွင်ဘယ်သူမှမရှိတာကြောင့်ဂျွန်းထယ်ရဲ့ညဝတ်ဘောင်းဘီနဲ့ဝမ်းစက်အင်္ကျီလေးတစ်ထည်ကိုသာboxerလေးခံဝတ်ထားသည်။အောက်ထပ်ရောက်တော့ဘဲလ်သံကြားတာကြောင့်အမှတ်တမဲ့တံခါးသွားဖွင့်မိလိုက်သည်။"suprise!! အယ်"
ဂျွန်းထယ်ရဲ့မိဘတေကဂျွန်းထယ်မွေးနေ့အားsupriseလုပ်ရန်လာခဲ့ပေမယ့်သူတို့ကိုယ်တိုင်ကsupriseတိုက်ခံလိုက်ရသည်။သူတို့အားလုံးဟာစကားမပြောဖြစ်ကြပဲဧည့်ခန်းတွင်တိတ်ဆိတ်စွာထိုင်ရင်းဂင်ယောင်းအားအကဲခတ်နေကြသည်။ဂင်ယောင်မှာနေရခက်စွာလက်တေကိုသာပွတ်နေမိသည်။အင်္ကျီကဒူးလောက်ထိရှည်နေလို့သာတော်သေးသည်မဟုရင်ဂျွန်းထယ်မိဘတေကိုဘယ်လိုမျက်နှာပြရမလဲမသိ။ထိုအချိန်အိမ်ပေါ်ထပ်ကဝုန်းဒိုင်းဆင်းလာကာအသံဗြဲနဲ့အော်ခေါ်နေတဲ့သားတော်မောင်အားထိုကောင်လေးကအသံပေးလိုက်တော့အသည်းသန်ပြေးလာပီးဖက်ကာငိုတော့သည်။သူတို့ကိုတောင်သတိမထားမိပဲအန္ဒြေတောင်မဆည်နိုင်တော့တဲ့အထိပင်။သေချာကြည့်မိတော့သူ့သားဝတ်ထားတဲ့ဘောင်းဘီရဲ့ဝမ်းဆက်အင်္ကျီကိုရှေ့ကကောင်လေးကဝတ်ထားတာကြောင့်အခြေနေကိုနားလည်လိုက်သည်။
"အဟမ်း! အဟမ်း!"
"ဟိုက် အိုမား! အာပါး!"
"အေးငါတို့ပဲ"
"ဟို ဘယ်ကနေဘယ်လို"
"အဲ့တာအသာထား မျက်ရည်တေသုတ်စမ်း"
"ဟုတ်ကဲ့"
"ကဲပြောစမ်းပါအုံး မိန်းမပေးစားလို့ကိုရီးယားကိုပြန်ပြေးလာတဲ့သူကအခုဘယ်လိုဖြစ်ရတာလဲ"
"အိုမားကလဲသားမှမိန်းမမယူချင်တာ"
"ဟယ် ဒါဆိုနင်ကယောက်ျားယူချင်တာပေါ့"
"ယောက်ျားလဲမလိုချင်ပါဘူး ကျနော်ကအရုပ်လေးကိုပဲလိုချင်တာ"
"အိုမားတို့ကသဘောမတူဘူးဆိုရင်တော့"
"ကျနော်သူ့ကိုပဲယူမှာ"
YOU ARE READING
Revenge System(Completed)
Fantasy"မောင့်အတွက်လွမ်းရှင်သန်ရမယ် ပီးရင် သူတို့ကိုပြန်လက်စားချေမယ်" "hostရေ~ကျနော့်နဲ့လက်တွဲပီးပြန်လက်စားချေရအောင်" "မောင့်အတွက်လွမ်းရှင်သန်ရမယ် ပီးရင် သူတို့ကိုပြန်လက်စားချေမယ်" "hostရေ~ကျနော့်နဲ့လက်တွဲပီးပြန်လက်စားချေရအောင်" Start date -19.4.2022 End d...