႐ိုတာ(Arc -4.4)

11.4K 852 21
                                    

<Unicode>
"ကြည့်အုံးပေပွနေတာပဲ"

"မောင်က ဟင့် အရုပ်လေးက အင့် မောင့်ကလေ"

တခွန်းပြောလိုက်တခါရှိုက်လိုက်ဖြစ်နေတာကြောင့်ရိုတာသူစတာလွန်သွားမှန်းသိလိုက်သည်။

"ရှူးး ရှူးး မောင်ရယ် ငါကစလိုက်တာလေ တိတ်တော့နော်"

"အင့် မောင့်က"

"မောင်လဲမကနဲ့ ငါလဲမကဘူး ဆန်ပြုတ်သောက်ရအောင်နော်"

"အင်း အရုပ်လေးအတွက်ရော"

"အတူတူသောက်ပါမယ်ဆို ဒီပန်းကန်နဲ့ပဲသောက်မှာပေါ့ ဘာလို့လဲရွံလို့လား"

"အင့် မဟုတ်ပါဘူးဆို... အီးး"

"ဟာ ဟေ့ မောင် ထပ်မငိုနဲ့တော့ ဆန်ပြုတ်သောက်ရအောင်နော်"

ဆန်ပြုတ်တစ်ပန်းကန်အားသူတစ်ဇွန်းသောက်လိုက်အန်ဒရူးအားခွံ့လိုက်နဲ့တစ်ပန်းကန်လုံးကုန်သွားတော့သည်။ထို့နောက်ဆေးသောက်ဖို့ရန်အတွက်ဆေးတချို့ကိုဖောက်လာလက်ထဲထည့်ပေးတော့တွေ့လိုက်ရတဲ့အရာတေကြောင့်ရိုတာလန့်သွားသည်။

"မောင် ဒီ ဒီကိုက်ရာတေက"

လက်နှစ်ဖက်လုံးမှာကိုက်ရာအချို့ကအကွင်းလိုက်ရှိနေပီးရောင်ရမ်းကာသွေးတောင်ထွက်နေပီ။မောင်ကသူနဲ့ပတ်သတ်ရင်အသေးဖွဲလေးကအစအထိမခံဖြစ်တာကိုသူမေ့သွားခဲ့သည်။

အန်ဒရူးကလက်ကိုအမြန်ပြန်ရုတ်ဖို့ကြိုးစားပေမယ့်ရိုတာကလက်ကိုဆွဲထားကာ...

"ငါမေးနေတယ်လေ ဒီဒဏ်ရာတေကဘယ်လိုဖြစ်တာလဲလို့!!"

"ခုနကအရုပ်လေးကိုမောင်ပြောလိုက်မိတာကို အရုပ်လေးစိတ်မကောင်းဖြစ်သွားတယ်လေ အဲ့တာကြောင့်အပြစ်ပေးထားတာ"

"ငါအောက်ဆင်းနေတဲ့အချိန်ခနလေးမှာဒါကိုလုပ်တာပေါ့"

"....."

"ကျစ် မောင်ရာ"

အန်ဒရူးအားဆွဲဖက်လိုက်တော့လက်များဖြင့်သူ့ခါးအားပြန်လည်ဖက်ထားသည်။

"မောင်"

"ဟင်"

"ချစ်တယ်"

Revenge System(Completed)Where stories live. Discover now